ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၁၆၊ ၂၀၂၃
ပြည်သူများကိုယ်တိုင်ဆောင်ရွက်နိုင်ရန် ထိုင်းနိုင်ငံ Foundation For Older Person’s Development က ရွာထိလာရောက်စွမ်းရည်မြင့်တင်မှုပြုလုပ်ပေးခဲ့ကြောင်းသိရသည်။
ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်မြို့နယ်၊ ဟွေးမခွိုသိုမ်းပအိုဝ်းရွာတွင် သက်ကြီးရွယ်အိုနှင့် ကလေးများ ကျန်းမာရေး၊ နေထိုင်ရေးအဆင်ပြေစေရန် ဖောင်ဒေးရှင်းအဖွဲ့က ရပ်ရွာနေလူထုကိုယ်တိုင် Project ရေးဆွဲလုပ်ဆောင်ခြင်းကို ကူညီပေးခဲ့ကြောင်းသိရသည်။
“ပိုက်ဆံပဲပေးရင် ဒီအတိုင်းပြီးသွားမယ် ပညာတွေ ပေးတော့သူတို့ ဆက်လက်ပြီးလုပ်ဆောင်တတ်လာမယ်။ ပညာတတ်လူငယ်တွေလည်း သက်ကြီးဖိုးဘွားတွေ ဘယ်လိုကူညီလို့ရတယ်ဆိုတာသိလာမယ်။ နိုင်ငံခြားက NGO, INGO တွေနဲ့လည်းချိတ်ဆက်တတ်လာမယ်” ဟု ပညာပေးတွင်ပါဝင်သူ ဒေသခံ ဖြားခင်ကပြောသည်။
လူငယ်များရေးဆွဲမည့် ရပ်ရွာအတွက် Project ၏ အားသာချက် အနည်းချက်များကို ဖောင်ဒေးရှင်းအဖွဲ့နှင့်တိုင်ပင်ဆွေးနွေးပြီး ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။
ဟွေးမခွိုသိုမ်းရွာတွင် ရေရှားပါးသည့်အတွက် ရေရရှိရေးနှင့် ရေကောင်းရေသန့်ရရှိရန် သုတေသနပြုလုပ်သွားမည်ဖြစ်သည်။
ထို့အပြင် Foundation For Older Person’s Development အနေဖြင့် ရပ်ရွာ project ပြုလုပ်ရန်အတွက် အရင်းနှီးငွေမတည်ပေးခဲ့ကြောင်းသိရသည်။
” ပထမ တစ်ခေါက် ရွာသား တွေ သောက်သုံး ရေလာလုပ် ပေးတယ်။ဒုတိယ တစ်ခေါက်ကျ သွားလာ ရေးအဆင် ပြေ အောင် လမ်း လာလုပ်ပေးပါတယ် ခု‌‌တစ်ခေါက်ကျ တော့ တတိယအကြိမ် ပေါ့နော် “ဟု ဦးခင်က ဆက်ပြောသည်။
Foundation For Older Person’s Development
အနေနှင့် မယ်ဟောင်ဆောင်မြို့နယ်ရှိ ဟွေးမခွိုသိုမ်း ပအိုဝ်းရွာ၊ ထိုပ်ဆောင် ကရင်နီရွာနှင့် ခါးဟန် ရှမ်းရွားများတွင် လာရောက်ကူညီပေးကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *