ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၁၉၊ ၂၀၂၃
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ကို ဒီဇင်ဘာ ၁၉ ရက်နေ့တွင်တအာင်းတပ်မတော် TNLAက အလုံးစုံ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း TNLAသတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။
နမ်းခမ်းမြို့ကို သိမ်းပိုက်ရရှိရန်အတွက် ၁၀၂၇ စစ်ဆင်ရေးအတွင်း (၃၁)ရက်ကြာ တိုက်ခိုက်ခဲ့ရပြီး တိုက်ပွဲအတွင်း TNLA တပ်သား ၄၉ ဦး ကျဆုံးကာ ၁၄၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
တိုက်ပွဲအတွင်းတွင် စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ၊လက်နက်ကြီးများအပါအဝင်၊လက်နက်မျိုးစုံ၊မိုင်း၊ ခဲယမ်းမျိုးစုံနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်းသိရ သည်။
နမ့်ခမ်းစခန်းသစ်ကုန်းတိုက်ပွဲကာလအတွင်းတွင် စစ်ကောင်စီ၏ ဗိုလ်မှုအဆင့်အပါအဝင် အလောင်းများစွာနှင့် စစ်သုံးပန့်အဖြစ် စစ်ကောင်စီတပ်သား ၃ ဦးလည်း ဖမ်ဆီးထားကြောင်းဆိုသည်။
တိုက်ပွဲအတွင်းတွင် စစ်ကောင်စီ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့်ကလေးငယ်နှစ်ဦးအပါအဝင် အရပ်သား ၁၃ ဦး သေဆုံးခဲ့ရပြီး ၄၃ဦး ဒဏ်ရာရရှိသလို နေအိမ်၊ ဘာသာ‌ရေးအဆောက်အဦး၊ ဆေးရုံများ အလုံး ၇၀ ကျော်ပျက်စီး​ နေ အိမ် ၂၄ လုံး မီးလောင်ပြာကျခဲ့ကြောင်းသိရသည်။
နမ့်ခမ်းမြို့ရှိ စစ်ကောင်စီ တပ်စခန်းများကို တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီတပ်ဘက်မှ Jet Fighter ဖြင့် (၂၆၀)ကြိမ် ၊ Y8 လေယာဥ်ဖြင့် (၃၅)ကြိမ် ၊ Y12 လေယာဥ်ဖြင့် (၄၀)ကြိမ် နှင့် တိုက်ခိုက်ရေး ရဟတ်ယာဥ် Mi35 ဖြင့် (၂၅)ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဖျက်အားပြင်း ပေါင် (၅၀၀)ဗုံး (၁၂)ကြိမ်နှင့် အဆိပ်ငွေ့ဗုံး (၆)လုံး အသုံးပြု ခုခံပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် စစ်ကောင်စီ စခန်းသစ်ကုန်းအပါအဝင် တပ်စခန်းများဖြစ်သည့် ကံ့ကော်စခန်း၊ ၁၂မိုင်၊ ၁၃မိုင်၊ မိုက်ခရိုဝိတ်စခန်း၊ ပန်ဆေး၊ တာကွန့်စခန်း၊ ဟဲယိုင်စခန်း၊ မိုင်းဝီးတပ်စခန်း၊ ထိန်ကန်တပ်စခန်း၊ မန်ပူးတပ်စခန်း၊ မန်ဝိန်တပ်စခန်း၊ ရဲစခန်းနှင့် စကစ ဌာနဆိုင်ရာရုံးများ အလုံးစုံကို တအာင်းတပ် TNLA က သိမ်းပိုက်ရရှိခဲ့ပြီ ဖြစ်ကြောင်း ထုတ်ပြန်ထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *