ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၁၇၊ ၂၀၂၃
နမ့်ခမ်းစခန်းသစ်ကုန်းမကျဆုံးဖို့အတွက် စစ်
ကောင် စီမှပို့လိုက်သည့် စစ်ကူများထဲမှ ဗိုလ်မှူးအဆင့်အပါအဝင် စစ်သုံ့ပန့်များ ဖမ်းဆီးရမိကြောင်းသိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ နမ့်ခမ်းစခန်းသစ်ကုန်း မကျဆုံးရန်အတွက် စစ်ကောင်စီမှ ရဟတ်ယာဉ်ဖြင့် စစ်ကူများ ပို့ဆောင်လိုက်သည့် စစ်ကူအင်းအားများကို TNLA မှ လိုက်လံတိုက်ခိုက်ရာဗိုလ်ကြီးအဆင့်ရှိသူသေဆုံးပြီး ၄ ဦးကိုအရှင်ဖမ်းဆီးရမိကြောင်း ဒီဇင်ဘာ၁၆ ရက်နေ့က TNLA ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်က ပို့ဆောင်လိုက်သည့် စစ်ကူလူအင်အားအတော်များများကို တအာင်းတပ်မတော် PSLF/TNLA က ဒီဇင်ဘာ ၁၅ ရက်နေ့ထိ လိုက်လံရှင်းလင်းချေမှုန်းရာတွင် စစ်ကောင်စီတပ်ကဖရိုဖရဲဖြစ်ပြီး အကျအဆုံးများသည် TNLA သတင်းနှင့်ပြန်ကြားရေးဌာန မှဆိုထားသည်။
ဖမ်းဆီရမိသည့် စစ်သုံ့ပန့်များသည် စကခ-၇၊ အမှတ် (၄၂၆) ဗိုလ်မှူးတစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦးနှင့်တပ်သားနှစ်ဦး ဖြစ်ကြောင်းသိရသည်။
ထို့အပြင် ပစ္စတို(၂)လက်၊ လက်နက်မျိုးစုံ (၃၈) လက်၊ ကျည်ဆံမြောက်များစွာ၊ ဆက်သွယ်ရေးစက်၊ ဗိုလ်ကြီးအဆင့်ပါ အလောင်းများစွာနှင့် စစ်သုံးဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်းဆိုသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၂ ရက်နေ့ကတည်းက စခန်းသစ်ကုန်းဘက်သို့ စစ်ကူပေးရန် နမ့်ခမ်းမြို့နယ်၊ နောင်ကောင်ကျေးရွာ သချိုင်းကုန်းနှင့် ကွန်လုံကျေးရွာဘောလုံးကွင်းဘက်တွင်စစ်ကောင်စီက ရဟတ်ယာဥ်ဖြင့် စစ်ကူလူအင်အား (၁၀၀)နီးပါး (၃)ကြိမ် လာရောက်ပို့ချခဲ့ကြောင်းသိရသည်။
စစ်ကောင်စီ စေလွတ်လိုက်သည့် စစ်ကူအင်အားများကို TNLA တပ်ဖွဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ရက်နေ့ကတည်းက လိုက်လံတိုက်ခိုက်ခဲ့ပြီး ယနေ့အချိန်ထိ တိုက်ပွဲပြင်းထန်လျက်ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *