ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၂၁၊၂၀၂၃
ရှမ်းတောင် ညောင်ရွှေမြို့နယ် ထီးရီးကျေးရွာအတွင်း ယမန်နေ့ ဒီဇင်ဘာ ၂၀ ရက် နေ့လည် ၁၂ နာရီနောက်ပိုင်းမှာ လက်နက်ကြီးကျရောက်မှု ဆက်ရှိနေပြီး ဒေသခံများ ထပ်မံထွက်ပြေးတိမ်းရှောင်နေရတယ် လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန်မှာ ရွားသားများက ရွာအတွင်းတိုက်ပွဲဖြစ်ပွါးလာမည်ကို စိုးရိမ်နေရပြီး နီးစပ်ရာ ရန်ကင်းရွာ၊ နမ့်ဗွန်ရွာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။
“အခုတော့ကျွန်တော်တို့ရှောင်လိုက်ပြီ၊ ကျွန်တော်တို့စရှောင်တာက မနေ့နေ့လည်၂ နာရီအချိန်လောက်ပါ။ ကျွန်တော်မပြေးသေးတဲ့ချိန်က ရွာထဲကျတာ ၄ ကြိမ်လောက်ရှိတယ်၊ လူရောထိတော့မလိုပဲ ကျွန်တော်တို့ပြေးတဲ့ချိန်က အနီးနားမှာ ပဲကျတာ ၊အဲ့ကြောင့်အကုန်ပြေးရတာ”ဟု ထီရီးရွာ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ လက်နက်ကြီးပစ်ခတ်သံများရှိနေပြီး စစ်ကောင်စီတပ် နှင့် တော်လှန်ရေးအင်အားစုတို့ နှစ်ဘက်တိုက်ပွဲဖြစ်ပွားတဲ့ အခြေအနေအသေးစိတ်ကိုတော့ ခမ်းသားငေါဝ်းက စုံစမ်းနေဆဲပါ။
ပြီးခဲ့တဲ့ဒီဇင်ဘာ ၁၉ ရက်နေ့မှာ တော်လှန်ရေးအင်အားစုတပ်တွေက ဖယ်ခုံမြို့နယ် ဆောင်းနန်းခဲရွာ တောင်ပေါ်ရှိ စစ်ကောင်စီတပ် ပွိုင့်ကုန်းစခန်းကိုစစ်ကောင်စီဘက်မှ လက်နက်ကြီးအဆက်မပြတ်ပစ်ခတ်နေတဲ့ကြား အဆိုပါစခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်။