ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၁၉၊၂၀၂၃
ဖယ်ခုံအင်းအရှေ့ဖက်ကမ်းရှိ ဆောင်းနန်းခဲကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတောင်စခန်းပွိုင့်ကုန်းကို မဟာမိတ်တော်လှန် ရေး အင်အားစုများက သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံအင်းအရှေ့ဖက်ကမ်းရှိ ဆောင်းနန်းခဲကျေးရွာတောင်ပေါ် တွင် တပ်စွဲထားသည့် စစ်ကောင်စီ တောင်စခန်းပွိုင့်ကုန်းကို မဟာမိတ် တော်လှန် ရေး အင်အားစုများက အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့သည်ဟု မိုးဗြဲ-ဖယ်ခုံ စစ်ဆင်ရေး မဟာမိတ်အင်အားစုများက ပူတွဲထုတ်ပြန်ထားသည်။
ဒီဇင်ဘာ ၁၁ ရက်နေ့ မနက် ၈း၂၅ နာရီအချိန်မှစပြီး ညနေ ၃း၂၅ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အောင်မြင်စွာ သိမ်းပိုက်ခဲ့ကြောင်း ဆိုထားသည်။
တိုက်ပွဲဖြစ်ပွားချိန်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီး ၉၂ ကြိမ်နှင့် လေကြောင်းတိုက်ခိုက်မှု ၁၂ကြိမ် ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါတိုက်ပွဲတွင် အလယ်ပိုင်းတိုင်း စစ်ဌာန၊ ရှမ်းတောင်စစ်ဒေသ(ခွဲ) ဗျူဟာ(၁)၏ ၁၀၀၁ (MB PDF-1)၊ ၁၀၀၂ (PK PDF-1)၊ ၁၀၀၄ (PKS PDF)၊ ၁၀၀၆ (PK PDF-2)၊ ၁၀၀၇ (MB PDF-2)၊ KNDF ဗျူဟာ (၁)၏ B-03၊ B-11နှင့် B-22၊ မြို့ပြတော်လှန်ရေးတပ်ဦး(Urban Revolutionary Front U.R.F)၊ ဗျူဟာ (၂)၏ ၁၀၀၃ တပ်ရင်း၊ ၁၀၀၈ SSRY တပ်ရင်းနှင့် ၁၀၀၉ IPDF တပ်ရင်းတို့ ပူး ပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မိုးဗြဲ -ဖယ်ခုံစစ်ဆင်ရေးသည် ကရင်နီပြည် ၁၁၁၁ စစ်ဆင်ရေး စတင်ဆင်နွဲသည့် နိုဝင်ဘာ ၁၁ ရက်ကတည်းက စတင်ခဲ့ကြောင်း သိရသည်။
ယခုတွင် ဖယ်ခုံ-မိုးဗြဲ ဒေသအတွင်းရှိ စစ်ကောင်စီ တပ် ခြေကုပ်ယူထားသော ကင်းစခန်းများ၊ ထောက်ပို့စခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်ရှိအချိန်ထိလည်း ထိုးစစ်ဆင် ကြိုးစားနေဆဲ ဖြစ်ကြောင်း ထုတ်ပြန်ထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *