ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၂၀၊ ၂၀၂၃
ကရင်နီပြည်တွင် ဖော်ဆောင်သည့် ၁၁၁၁ စစ်ဆင် ရေးတိုက်ပွဲ၌ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ် ခမ်းကောင် PNDF-KK သည် ပူးပေါင်းတိုက်ပွဲဝင်နေကြောင်းသိရသည်။
ကရင်နီပြည် လွိုင်ကော်၊ မိုးဗြဲ၊ ဖယ်ခုံမြို့နယ်ရှိတိုက်ပွဲတွင် KNDF ၏ဗျူဟာ- ၁ စစ်ကြောင်းနှင့်အတူပါဝင်တိုက်ခိုက် တိုက်ပွဲဝင်နေသည်ဟုသိရသည်။
“တော်လှန် ရေးနယ်မြေမှာ ရည်မှန်းချက်တူ ၊ပန်းတိုင်တူတဲ့စစ်အာဏာရှင်ပြုတ်ကျရေးမှာ လုပ်နေတဲ့ မဟာမိတ်နဲ့ အတူ ဒီ ၁၁၁၁ စစ်ဆင်ရေးတိုက်ပွဲမှာကျွန်တော်တို့လည်း ပါဝင်လှုပ်ရှားတိုက်ပွဲဝင် နေပါတယ်။”ဟု ပအိုဝ်းအမျိုးသားကာကွယ် ရေးတပ်ခမ်းကောင်PNDF- KK သတင်းနှင့်ပြန် ကြားရေး ခွန်ဘင်ဂျမင်က ခမ်းသားငေါဝ်းကို ပြောသည်။
ပအိုဝ်းအမျိုးသားကာကွယ် ရေးတပ်ခမ်းကောင် PNDF- KK စစ်အာဏာရှင်နှင့် အာဏာရှင်စနစ်ဟူသမျှ အမြစ်ပြတ်ချေမှုန်းရာတွင် အဆုံးထိတိုက်ပွဲ ဝင်သွားမည်ဟုသိရသည်။
ပအိုဝ်းတိုင်းရင်းသားများသည် ခေတ်အဆက်ဆက် အာဏာရှင်စနစ်ကို တော်လှန်ခဲ့ကြသော်လည်း ယခုချိန်ထိ သမိုင်းပေးတာဝန်အရ မပြီးဆုံးသေးသည့် တော်လှန်ရေးကို PNDF- KK အနေဖြင့် ဆက်လက်ပြီးလက်ဆင့်ကမ်း တော်လှန်ရေးတိုက်ပွဲဝင်နေကြောင်း ဆိုထားသည်။
ပအိုဝ်းအမျိုးသားကာကွယ် ရေးတပ်ခမ်းကောင် PNDF- KK သည် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) ၏ နိုင်ငံရေး ဦးဆောင်မှုအောက်တွင်တည်ရှိနေပြီး နွေဦးတော်လှန်ရေး တွင်ထဲထဲဝင်ဝင် ပါဝင်နေကြောင်းသိရသည်။
နွေဦးတော်လှန်ရေး သည် ဗမာအချင်းချင်း တော်လှန်ရေးမဟုတ်ဘဲ ခေတ်အဆက်ဆက် အာဏာရှင်စနစ် ဆိုးကို တော်လှန်ခြင်းဖြစ်သည်ကို ပအိုဝ်းပြည်သူများအနေဖြင့် နားလည်သဘော ပေါက်ရန် PNDF- KK ကတိုက်တွန်းထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *