ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၁၃၊၂၀၂၃
ပအိုဝ်းနှစ်သစ်ကူးနေ့ကို ပအိုဝ်းတိုင်းရင်းသားအများစု နေထိုင်သည့် ကရင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် ပဲခူးတိုင်းတွင်ကျင်းပခဲ့ကြောင်း သိရသည်။
ယနေ့ မြန်မာလ နတ်တော်လဆန်း ၁ ရက်နေ့ကို ၂၇၁၅ နှစ်မြှောက် ပအိုဝ်းနှစ်သစ်ကူး နေ့ဖြစ်ပြီး ၂၀၁၆ ခုနှစ်က စတင်ကျင်းပခဲ့ရာ ယခုတွင် ၈ ကြိမ်ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
“ဘယ်လိုဘဲ ဖြစ်ဖြစ် မျိုးဆက်သစ် ပအိုဝ်းလူငယ်‌ တွေကို ပအိုဝ်းသက္ကရာဇ် နဲ့ သုံးစေချင်တယ်။ ပအိုဝ်းစာပေရိုးရာ ယဉ်ကျေးမှုကို ဖော်ထုတ်နိုင်ရမယ်။ မဖော်ထုတ်နိုင်ရင် ပျောက်ကွယ်သွားနိုင်တဲ့အကြောင်းကို အခက်ခဲကြားမှာ ဒီနှစ်ကူးပွဲကိုကျင်းပရတာဖြစ်ပါတယ်။”ဟု မွန်ပြည်နယ် တာဝန်ခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
အဆိုပါ နှစ်သစ်ကူးပွဲတွင် သံဃာတော်များကို ဆွမ်းကပ်ခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ ဘွဲ့ရ ပအိုဝ်းတိုင်းရင်းသားသံဃာတော်များကို ဆုချီးမြှင့်ကပ်လှူခြင်း၊ ဂုဏ်ထူးရသည့် ပအိုဝ်းတိုင်းရင်းသားကျောင်းသူကျောင်းသားများကို ဆုချီးမြှင့်‌ခြင်း စတုဒီသာကျွေးမွေးခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံတစ်ဉီးက ပြောဆိုသည်။
ပုံ-CJ

Leave a Reply

Your email address will not be published. Required fields are marked *