ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၁၀၊ ၂၀၂၃
၁၀၂၇ စစ်ဆင်ရေး စစ်ကြောင်းမှ ဖမ်းဆီးမိသည့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင် စစ်သုံ့ပန့် ၄၉ ဦးအား MNDAAမှ စစ်သုံ့ပန့်ဥပဒေနှင့်အညီ စစ်ဆေးပြီး ဒီဇင်ဘာလ ၉ ရက်နေ့မှာ ပြန်လည်လွတ်ပေးခဲ့ကြောင်းသိရသည်။
၎င်းပြည်သူ့စစ်တို့သည် ကိုးကန့်ဒေသ၏ အမည်ဖြင့်ဖွဲ့စည်းထားသော်လည်း အဖွဲ့ဝင်များသည် ဗမာလူမျိုးများဖြစ်ကြပြီး အခြားပြင်ပလူမျိုးများကိုလည်း ပါဝင်ဖွဲ့စည်းခြင်းဖြစ်ကြောင်းသိရသည်။
၂၀၀၉ ခုနှစ်ကတည်းက ကိုးကန့်၊ လောက်ကိုင်ဒေသသည် စစ်ကောင်စီထိန်းချုပ်မှုအောက်တွင်ရှိခဲ့ပြီး လူမှုဖူလုံရေးလည်း အလွန်ရှုပ်ထွေးကာ စစ်ကောင်စီ၏လက်အောက်ခံထိုပြည်သူစစ်အဖွဲ့ဝင်များသည်များပြားပြီး ဆိုက်ဘာနည်းပညာဖြင့်ငွေလိမ်(ကျဖျင့်) လုပ်ငန်းကို ကာကွက်ပေးထားကြောင်းသိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၌ ၁၀၂၇ စစ်ဆင်ရေး လုပ် ဆောင်လာသည့်အချိန်တွင် စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့များသည် တစ်ဖြည်းဖြည်း ကျဆုံးမှုများလာပြီး အချို့ တပ်ရင်းများသည် လက်နက်ချအလင်းဝင်လာခြင်း ရှိသလို့ ပြန်လည်ခုခံတိုက်ခိုက်သည်များလည်းရှိကြောင်းဆိုထားသည်။
ထိုအပြင် စစ်ကောင်စီရဲ့ လက်အောက်ခံ ကျန်ရှိရုပ်သေးရုပ်များ အချိန်မှီ ပြည်သူ့ထံ အလင်းဝင်လာကြရန် MNDAA မှတိုက်တွန်းပြောဆိုထားသည်။
“အခက်အခဲပေါင်းစုံများရင်ဆိုင်ကျော်ဖြတ်လာပြီးနောက် စစ်မှန်သည့်ညီအစ်ကိုသာ ကိုယ်ဘေးနားတွင်ရှိနေပါသည်။ ညီအစ်ကိုချင်းတွေ့ဆုံသောအချိန် ရှိသမျှအမုန်းတရားများ ရယ်မောခြင်းဖြင့် ပြေလည်သွားပါသည်။”ဟု မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်စစ်ဦးစီးချုပ် ဦးဖုန်တဲ့ရိန် ဒုဗိုလ်ချုပ်ကြီးက Mr. Lu Xun၏ စကားကို ကိုးကားပြီးThekokang မီဒီယာ က ဖော်ပြထားသည်။
ထိုစကားကို စစ်ကောင်စီ လက်အောက်ခံ ကိုးကန့် ရုပ်သေးအဖွဲ့ဝင်များ ၊ နယ်စပ်လုံခြုံရေးအဖွဲ့ ၊ ရဲတပ်ဖွဲ့နှင့် ပြည်သူ့စစ်အဖွဲ့များပေးပို့သောအိတ်
ဖွင့်စာထဲတွင်ရေးသားပြောဆိုခြင်းဖြစ်သည်။
ရုပ်သေး အဖွဲ့အစည်းထံဆက်လက်၍ တာဝန်ထမ်းဆောင်နေသောသူများ လက်ရှိအခြေအနေကို ရှင်းရှင်းလင်းလင်းကြည့် မြင်နိုင်ပြီး ပြည်သူ့ရင်ခွင်ထဲသို့ပြန်လာကြပါရန် မျှော်လင့်ထားကြောင်းဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *