ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၉၊၂၀၂၃
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုလျှော့ကျစေ ရေး ပြည်သူများအားလုံးပါဝင်ကြရန် လိုအပ်ကြောင်း ရှမ်းတောင်အမျိုးသမီးအခွင့်အရေးလှုပ်ရှာသည့်အဖွဲ့က ၁၆ ရက်တာလှုပ်ရှားမှုတွင် ပြောဆိုသည်။
နိုဝင်ဘာ၂၅ မှ ဒီဇင်ဘာ ၁၀ ရက်ထိ ၁၆ ရက်တာ လှုပ်ရှားမှုကာလအတွင်း ဒီဇင်ဘာလ ၇ ရက်နေ့တွင် အွန်လိုင်းဖြင့် ပြုလုပ်ကျင်းပခဲ့ပြီး ဒေသခံလူထု ၅၀ ကျော် တက်ရောက်ကာ အမျိုးသမီးများအပေါ် ဂျဲန်ဒါ အခြေပြု အကြမ်းဖက်မှု လျော့ကျလာစေရန် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသရှိ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအခြေအနေနှင့် လူထုများအနေဖြင့် လူအခွင့်အရေးချိုးဖောက်မှု၊ အမျိုးသမီးများအပေါ်အကြမ်းမှု လျော့ကျ ပပျောက်အောင် မည်သို့ပါဝင်ရမည် အကြောင်းအရာများအပြင် သတင်းမီဒီယာအနေဖြင့် လူ့အခွင့်အရေးချိုးဖောက်ခံရသည့် အခြေအနေများကို မည်သို့ပူးပေါင်းလုပ်ဆောင်နိုင်သည်ကို တက်ရောက်လာသည့်ဒေသခံပြည်သူများနှင့်အတူ အဖြေရှာ ဆွေးနွေးခဲ့ကြောင်း သိရသည်။
“ ဒီလို့ ဂျန်ဒါအပေါ်အခြေပြုအကြမ်းဖက်မှု ရပ်တန့်ဖို့ဆိုရင် လူတိုင်းနဲ့သက်ဆိုင်တယ် ပြီးရင် ဒီ ၁၆ ရက်တာ လှုပ်ရှားမှုမှာ အမျိုးသမီးတွေနဲ့ဘဲ ဆိုင်တာမဟုတ်ပါဘူး လူသားတိုင်းနဲ့ဆိုင်ပြီး ဒီလိုအကြမ်းဖက်မှုမျိုးလျော့ကျအောင်ဆိုရင် လူတိုင်းမှာတာဝန်ကိုယ်စီရှိပါတယ်” ဟု ရှမ်းတောင်အမျိုးသမီးအရေး လှုပ်ရှားနေသူတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
စစ်တပ်အာဏာသိမ်းပြီနောက်တွင် ယခုကဲ့သို့လှုပ်ရှားမှုများ၊ ကမ်ပိန်းများ၊ ဆွေးနွေးပွဲများပြုလုပ်ရာတွင် နည်းပါးလာကြောင်း သိရသည်။
“စစ်တပ်အာဏာသိမ်းပြီတဲ့နောက် အွန်လိုင်းပေါ်ဘဲ လုပ်ရတယ်။ အရင်ကဆို လူထုဆီသွားပြီး နီးနီးကပ်ကပ်ပြုလုပ်ပေးတယ်။အခုကအွန်လိုင်းပေါ် ဘဲလုပ်တယ်ဆိုတေ့ာ လူထုရဲ့ စိတ်ဝင်စားမှု၊တက်ကြွပါစွာပါဝင်မှုက ဘယ်လောက်ရှိသလဲဆိုတာ ခန်းမှန်းရခက်တယ်။ပြီးရင် တိုးတိုးတိတ်တိတ်လှုပ်ရှားရတဲ့ အခြေအနေတွေလည်းရှိတယ်”ဟု သူကဆက်ပြောသည်။
လက်ရှိတွင် စစ်တပ်အာဏာသိမ်းပြီး ၃ နှစ်တာကာလအတွင်း အမျိုးသမီးနှင့်ကလေးများအပေါ် လိင်ပိုင်း၊ စိတ်ပိုင်း ၊ရုပ်ပိုင်းဆိုင်ရာနှင့် ဆိုက်ဘာနည်းပညာနှင့်အကြမ်းဖက်အမြတ်ထုတ်မှု၊အိမ်တွင်းအကြမ်းဖက်မှု၊ တိုက်ပွဲအတွင်းအမျိုးသမီးများကို စစ်လက်နက်သဖွယ် အသုံးပြုပြီး လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှုများသည် သိသိသာသာ မြှင့်တက်လာကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You missed