ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၁၀၊၂၀၂၃
စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးအတွက် ပြည်သူတစ်ဦးချင်းစီပူးပေါင်းပါဝင်ရန် အရေးကြီးကြောင်း ၁၀၂၇ စစ်ဆင်ရေး ၄၄ ရက်နေ့ပြည့်မှာ ပြောကြား လိုက်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ၁၀၂၇ စစ်ဆင်ရေး ၄၄ ရက်မြောက်နေ့မှာ စစ်အာဏာရှင်အား မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူတစ်ဦးချင်းစီ ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းလိုက်ကြောင်း ဒီဇင်ဘာလ ၉ ရက်နေ့မှ ညီနောင်မဟာမိတ် ၃ ဖွဲ့ကထုတ်ပြန်ထားသည်။
လက်ရှိ ၁၀၂၇ စစ်ဆင်ရေးသည် ဒုတိယအဆင့်သို့ အကောင်အထည်ဖော်ဆောင်နေ​ခြင်းကြောင်း ပြည်သူများ၏ ပူးပေါင်းပါဝင်မှုက အရေးကြီးကြောင်းပြောဆိုထားသည်။
“ စစ်ဆင်ရေးဒုတိယအဆင့်မှာ မြန်မာပြည်သူတစ်ရပ်လုံးအနေဖြင့် စစ်ကောင်စီကို ရရာနည်းလမ်းဖြင့် ရောက်ရှိသည့်နေရာမှ တော်လှန်ပုန်ကန်ရန်မှာ အထူးအရေးကြီးတယ် ဒါကြောင့် ရရာနည်းလမ်း၊ ရရာလက်နက်ဖြင့် ရောက်ရှိသည့်နေရာမှ စစ်ကောင်စီအား တော်လှန်တိုက်ခိုက်ကြရန် တိုက်တွန်း လိုက်ပါတယ်” ဟု မြောက်မဟာမိတ်၃ဖွဲ့မှပြောသည်။
စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးကို လိုလားသူမှန်သမျှသည် ယနေ့အချိန်တွင် ပုံစံတစ်မျိုးမျိုးဖြင့် ပါဝင်နေပြီးသူဖြစ်နေရမည်ဆိုသည်ကိုလည်း ရှမ်းမြောက်ညီနောင်မဟာမိတ် ၃ ဖွဲ့မှ သတိပေးတပ်လှန့်လိုက်ကြောင်းသိရသည်။
ထိုအပြင် ပြည်သူတစ်ယောက်ချင်းစီမှ ပြည်သူအားလုံး စစ်အာဏာရှင်အား တော်လှန်ပုန်ကန်ခြင်းသည် စစ်ဆင်ရေးဒုတိယအဆင့်ကို အဓိက ရည်မှန်း ချက်ဖြစ်ကြောင်းဆိုထားသည်။
“ညီနောင်မဟာမိတ် (၃) ဖွဲ့သည် ၁၀၂၇ စစ်ဆင်ရေး ၏ ဒုတိယအဆင့်ကို တစ်ရက်ပြီးတစ်ရက် ဆက်လက် အကောင်အထည်ဖော်လျက်ရှိပြီး မိမိတို့၏ ရည်မှန်းချက်များနှင့်အတူ မြန်မာတစ်နိုင်ငံလုံး မျှော်မှန်း ထားသော ရည်မှန်းချက်များကို မပြည့်ဝမချင်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက် သွားမည်” ဟု ဆက်ပြောထားသည်။
လက်ရှိမှာ ရှမ်းမြောက်ညီနောင်မဟာမိတ် ၃ဖွဲ့ဖြစ်ကြသည့် MNDAA ကိုကန့်တပ်၊ AA ရခိုင်တပ်၊ TNLA တအောင်းတပ်တို့မှ ၁၀၂၇ စစ်ဆင်ရေးအား အရှိန်အဟုန်နှင့် စစ်ကောင်စီတပ်စခန်းများထိုးစစ်ဆင်တိုက်ခိုက်မှုများနှင့် မြို့သိမ်းတိုက်ပွဲများဆက် လက်ဆင်နွဲနေလျက်ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *