၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့ ယနေ့သည့် ခမ်းသားငေါဝ်း- The People’s Voice သတင်းဌာန တည်ထောင်ခြင်း (၁၀)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ပအိုဝ်းအမျိုးသား တော်လှန်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ဒီဇင်ဘာ ၁၁၊ ၂၀၁၃ ခုနှစ်တွင် ခမ်းသားငေါဝ်း- The People’s Voice စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။
ခမ်းသားငေါဝ်းသည် ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူလူထုများ၏ အသံနှင့် တိုင်းရင်းသား ပြည်သူလူထုများ ရင်ဆိုင်ကြုံတွေ့နေရသည့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုအခြေအနေများကို ကိုယ်စားပြု ရေးသားဖော်ထုတ် လျက်ရှိပြီး ပြည်သူလူထု၏ အကျိုးစီးပွားကို ကာကွယ်သည့် တိုင်းရင်းမီဒီယာတစ်ခု ဖြစ်သည်။
ရှမ်းပြည်နယ်အတွင်းရှိ ပြည်သူလူထုများ၏အသံနှင့် နိုင်ငံရေးအခြေအနေများကို လွမ်းခြုံပြီး လူ့အခွင့်အရေး ဆိုင်ရာသတင်းများ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊ တရားဥပဒေစိုးမိုးရေး၊ အမျိုးသမီးအကြမ်းဖက်ခံရမှု၊ တိုက်ပွဲသတင်းများ၊ တပ်သားသစ်စုဆောင်းမှု၊ တိုက်ပွဲရှောင်နေရပ်စွန့်ခွါသူများ၊ မြေယာသိမ်းဆည်းမှု၊ မသန်စွမ်း၊ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု စသည့်အကြောင်းအရာများကို နေ့စဉ်ရေးသား ဖော်ထုတ်သွားမည်။
ခမ်းသားငေါဝ်း- The People’s Voice သတင်းဌာန သည် သီးခြားလွတ်လပ်၍ မည်သည့်နိုင်ငံရေး အဖွဲ့ အစည်း၊ လက်နက်ကိုင်အဖွဲ့အစည်းတို့၏ လွမ်းမိုးမှုမရှိဘဲ ပြည်သူလူထုနှင့်အတူ အမှန်တရားများဘက်ကို မားမား မတ်မတ် ရပ်တည်သည့်သတင်းမီဒီယာတစ်ခုဖြစ်သည်။
ခမ်းသားငေါဝ်း- The People’s Voice သတင်းဌာန တိမ်မြုပ်နေပြီး မတရားခံနေရသည့် ပြည်သူများ ၏အသံနှင့် လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုများကို သတင်းမီဒီယာ ကျင့်ဝတ်နှင့်အညီ ဆက်လက်ရေးသားဖော်ထုတ် သွားမည်။
အယ်ဒီတာအဖွဲ့

Leave a Reply

Your email address will not be published. Required fields are marked *