ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၁၁၊ ၂၀၂၃
ပအိုဝ်းတို့၏ တော်လှန်ရေးရည်မှန်းချက်သည်အုပ်ချုပ်သူအပြောင်းအလဲ/အုပ်ချုပ်မှုအပြောင်း အလဲကို အခြေမခံဘဲ ခေတ်ပြောင်း စနစ်ပြောင်းတော်လှန်းရေးကိုအခြေခံ​တာကြောင့်ယနေ့အချိန်ထိ စစ်အာဏာရှင်ကျဆုံးရေးကို တိုက်ပွဲဝင်တော်လှန်နေလျက်ရှိကြောင်းPNFCကပြောဆိုလိုက်သည်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရန် စစ်ကောင်စီ၏ လက်ကိုင်တုတ်အဖြစ် ကျရောက်နေသူများ ရုန်းထွက်ပြီး ပြည်သူလူထုများနှင့်အတူလာရောက်ပူးပေါင်းရန် PNFC မှ အလေးအနက်ပန်ကြားလိုက်ကြောင်းသိရသည်။
ပြည်နယ်သစ်များပေါ်ထွန်းခွင့်ရှိသည့် ဖယ်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ပအိုဝ်းပြည်သူတစ်ရပ်လုံးနှင့် စစ်ကောင်စီ၏ လက် အောက်ခံ လက်ကိုင်တုတ်ဖြစ်နေတဲ့သူများလည်း အမြန်ဆုံး ပြည်သူ့ရင်ခွင်သို့ ဝင်ရောက်ပူးပေါင်းကြရန် ၇၄ နှစ်ပအိုဝ်းတော်လှန်ရေးနေ့တွင် PNFC မှ အလေးအနက်တိုက်တွန်းထားကြောင်းသိရသည်။
ထိုအပြင် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရန် ၄င်းတို့ ခေတ်အဆက်ဆက်မှ တိုင်းရင်းသားများကို စနစ်မပြောင်းလဲဘဲ အုပ်ချုပ်မှုပုံစံကိုပဲ အမျိုးမျိုးပြောင်းလဲပြီး ၄င်းတို့၏လက်အောက်ခံ လက်ကိုင် တုတ်အဖြစ်သို့ သွပ်သွင်းခြင်းခံခဲ့ကြရသည်ဟု ပြောထားသည်။
ထိုကြောင့် ပအိုဝ်းအမျိုးသားလွတ်မြောက်မှုတော်လှန်ရေး၏ မူလရည်မှန်းချက်နှင့် ယနေ့ နွေဦးတော်လှန်ရေး ချက်မှန်ချက်နှင့်အတူ စစ်အာဏာရှင် အပါအဝင် အာဏာရှင်အမျိုးမျိုးတို့ကို ချုပ်ငြိမ်းစေပြီး ထိုအအပေါ်မှာ ပြည်သူတစ်ရပ်လုံးလည်း ပူးပေါင်းပါဝင်ရန် အရေးကြီးကြောင်းပြောကြားထားသည်။

You missed