ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၁၂၊၂၀၂၃
ရှမ်းမြောက် နမ့်ဆန်မြို့နယ် နှင့် လားရှိုးမြို့နယ်ရှိ စစ်ကောင်စီစခန်း (၃)ခုကို ဒီဇင်ဘာလ(၁၁)ရက်နေ့တွင် တအာင်းတပ်မတော် PSLF/TNLA က ထပ်မံသိမ်းပိုက်ရရှိခဲ့ကြောင်း TNLA ထုတ်ပြန်ချက်အရသိရသည်။
ရှမ်းမြောက် နမ့်ဆန်မြို့နယ်ရှိ စစ်ကောင်စီပတ္တမြားစေတီ (ကောင်းမှုဆိုင်စခန်း)၊ နမ့်ဆန်ရဲစခန်း နှင့် လားရှိုးမြို့နယ် အီနိုင်းကျေးရွာရှိ စစ်ကောင်စီကင်းစခန်းများကို တအာင်းတပ်မတော်TNLA မှ ထပ်မံသိမ်းပိုက်ခဲ့ကြောင်း TNLA က ယမန်နေ့ဒီဇင်ဘာလ (၁၁)ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။
နမ့်ဆန်မြို့နယ် စစ်ကောင်စီ၏ ပတ္တမြားစေတီ (ကောင်းမှုဆိုင်စခန်း)နှင့် နမ့်ဆန်ရဲစခန်းကို ဒီဇင်ဘာလ(၁၁)ရက်နေ့ နံနက်(၅း၀၃)နာရီအချိန်တွင် တအာင်းတပ်မတော် TNLA က ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့သည့် ဟု သိရသည်။
သိမ်းပိုက်ရရှိထားသည့် နမ့်ဆန်ရဲစခန်းအတွင်းမှ ပစ္စတို(၃)လက်၊ လက်နက်(၁၄)လက်၊ ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း ဆိုထားပါသည်။
မူဆယ်မြို့နယ် အီနိုင်းကျေးရွာရှိ စစ်ကောင်စီကင်းစခန်းကိုလည်း ယမန်နေ့ နံနက်(၃း၃၀)နာရီအချိန်တွင် တအာင်းတပ်မတော် TNLA က သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
ရှမ်းမြောက်တွင် ယမန်နေ့ ဒီဇင်ဘာလ(၁၁)ရက် တစ်ရက်အတွင်း စစ်ကောင်စီတပ်မှ M17 လေယာဥ်ဖြင့် မန်တတ်တပ်စခန်းတွင် (၁)ကြိမ်၊ မူဆယ်တပ်စခန်းတွင်(၁)ကြိမ်၊ နမ့်ဖတ်ကာတပ်စခန်းတွင် (၂)ကြိမ်၊ နမ့်ခမ်းစခန်းသစ်ကုန်းဘက်တွင် ခဲယမ်းနှင့် ရိက္ခာ(၁၂)ထုတ်ချပေးခဲ့ကြောင်း TNLA ထုတ်ပြန်တွင် ဖော်ပြထားပါသည်။

You missed