ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၇၊၂၀၂၃
ကိုးကန့် ဒေသ လောက်ကိုင်မြို့ တုန်ချိန်ရပ်ကွက်၏ တောင်ဖက်ခြမ်းတွင် အရေးပါသည့် Hight Point တာရင်တောင်ကို MNDAA က သိမ်းပိုက်နိုင်ခဲ့ကြောင်း The Koekang က ဖော်ပြထားသည်။
တာရင်တောင်သည် စစ်ကောင်စီလောက်ကိုင် မီးရှင့်ကုတ် ဒကစ နေရာ နှင့် တိုက်ရိုက်အကွာအဝေး(၂) မိုင်ခန့်သာရှိပြီး လောက်ကိုင်မြို့ကို တိုက်ရိုက်ရှုမြင်နိုင်ကြောင်း ဆိုထားသည်။
MNDAA သည် တာရင်တောင်ကို ဒီဇင်ဘာ(၃)ရက် နေ့မှ နှစ်ရက်ကြာတိုက်ခိုက်ပြီး‌ ဒီဇင်ဘာ(၅)ရက်နေ့အထိ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်းထုတ်ပြန်ထားပါသည်။
MNDAA သည် တာရင်တောင်ကို လက်နက်ကြီးဖြင့် (၅)နာရီကြာ တိုက်ခိုက်၍ ခြေလျင်တပ်ဖွဲ့ ဖြင့်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကာ ညနေ (၃:၂၈)နာရီအချိန်တွင် တာရင်တောင် ပေါ် နံပတ်(၁,၂,၃)စခန်းကို သိမ်းယူနိုင်ခဲ့ပြီး တာရင်းတောင်တစ်ခုလုံးကိုလည်း သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆင်ရေးတွင် MNDAA က စစ်ကောင်စီဖက်စစ်သုံးပန်(၁၁)ဦးဖမ်းဆီးမိခဲ့ပြီး ၎င်းထဲတွင် အသက်ကြီးပြီး ဒဏ်ရာရရှိထားသည့် စစ်သားများလည်း ပါဝင်ကြောင်း ဆိုထားပါသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ” ထိုသို့ကြည့်ခြင်း အားဖြင့် စစ်ကောင်စီမှ အင်အားလွန်စွာချို့ယွင်းလာသည်ကိုတွေ့ရပါသည်။ ယနေ့ဖမ်းဆီးရရှိသောစစ်သုံ့ပန်အများစုသည် ယခင်ရက်ပိုင်း ခေါင်းမာပြီးတုန့်ပြန်နေသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ယှဉ်ကြည့်ပါက ဒီကနေ့ ဖမ်းဆီးရရှိသူများသည် တိုက်ချင်ခိုက်ချင်သော စိတ်ဓာတ်လုံးဝ မရှိတော့သည်ကိုတွေ့ရပါသည်။ ” ဟု ပြောဆိုထားပါသည်။
ယခု ကိုးကန့်ဒေသတွင် မီရှင့်ကုတ်၊နန်ထင်မိန်၊ရန်လုံကျိုင့်နှင့်တာရွှေထန် စသည့် စစ်ကောင်စီ စခန်များသာ ကျန်ရှိကြောင်းသိရသည်။
ပုံ-The Kokang

Leave a Reply

Your email address will not be published. Required fields are marked *