ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၈၊၂၀၂၃

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့အတွင်း ဓါတ်ဆီဝယ်ယူရာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံစာပါမှသာ ဆီများကို ရောင်းချပေးကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

ဒီဇင်ဘာ ၄ ရက်နောက်ပိုင်းမှစပြီး ဒေသခံများ ဓါတ်ဆီဆိုင်သို့ ဆီဝယ်သည့်အခါ ထောက်ခံစာ ပြမှသာ ဆီဝယ်ခွင့်ရှိကြောင်း ဆိုသည်။

“ဆီကို ပုံးလိုက် ဝယ်တဲ့လူ‌တွေ၊ သူတို့မသိတဲ့လူတွေဆို ထောက်ခံစာပါမှ ရောင်းပေးတာ။ ဆီဆိုင်ဖွင့်တာကလည်း ၁၁ နာရီကနေ ၁ နာရီအထိပဲ ဆိုတော့ အစေားရီးတန်းစီရတယ်။ ဒါတောင်တစ်ချို့လူက ဆီမရဘဲ ပြန်သွားရတာ ရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဓာတ်ဆီဆိုင်များကို အချိန်အကန့်အသတ်ဖြင့်သာ ရောင်းချသဖြင့် ကုန်ရောင်းကုန်ဝယ်လုပ်ငန်းများ၊သာရေးနာရေးများ၊ လုပ်ငန်းများ၊ ရုံးလုပ်ငန်းလုပ်ကိုင်သူများ၊ စက်ယန္တရားအသုံးပြုရသည့် တောင်သူများအတွက် အခက်ခဲကြုံတွေ့နေရ ကြောင်း သိရသည်။

“လူတွေက ဒီဖက်ကို ဓာက်ဆီလာဝယ်နေကြလို့ ခုလို ထောက်ခံစာနဲ့ ပြခိုင်းရတာ ပြောကြတယ်။စိတ်ညစ် ပါတယ်။ ခုတော့အကုန်လုံး ဒုက္ခ ရောက်ကုန်တယ်။ခုခေတ်က ဘာလုပ်လုပ်စက်နဲ့ဘဲ အသုံးပြုရတယ် ဆိုတော့ ဓာတ်ဆီမရတော့ အလုပ်က ပုံမှန်မလည်ပတ်နိုင် တေ့ာဘူး။ ဆုံးရှုံးရတယ်”ဟု ၎င်းသူက ဆက်ပြောသည်။

ယနေ့ ဒီဇင်ဘာ ၈ ရက်နေ့တွင် ဓါတ်ဆီ တစ်လီတာကို ၈၀၀၀ ကျပ်/ ၉၀၀၀ ကျပ် ရှိပြီး အချိန်ပိုင်းဖွင့် အကန့်အသတ်ဖြင့် ရောင်းသောဆီဆိုင်သည် အနည်းငယ်ရှိပြီး ဓာတ်ဆီဆိုင်အများစုက ပိတ်ထားကြောင်း သိရသည်။

ဆီဆိုင်မြို့နယ်အတွင်း လောင်စာဆီဝယ်ယူရေး ကန့်သတ်လာသည့် စစ်ကောင်စီအုပ်ချုပ်ရေး အနေဖြင့် ဆီဆိုင်မှတစ်ဆင့် တိုက်ပွဲဖြစ်ပွားနေသည့် ရှမ်း-ကယားနယ်စပ် နှင့် ကရင်နီပြည်ဘက်ကို စက်သုံးဆီ ဖြတ်တောက်လိုသလို ဆီဆိုင်မြို့သို့ လာသည့်ဆီတင်ကားများကိုလည်း အကန့်အသတ်ဖြင့်သာခွင့်ပြုထားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

#PPV005
#လောင်စာဆီ
#ဓါတ်ဆီ
#ထောက်ခံစာ
#လိုအပ်
#Thepeoplevoice
#news

Leave a Reply

Your email address will not be published. Required fields are marked *