ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၆၊၂၀၂၃
တာရွှေထန် အမြောက်တပ်ရင်းမှ ကုန်းကြမ်းသို့ ပြောင်းရွေ့လာသည့် စစ်ကောင်စီတပ်ခွဲမှူးတစ်ဦးကို MNDAA မှ ပစ်သတ်နိုင်ခဲ့ကြောင်း MNDAA ထုတ်ပြန်ချက်အရ သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း ၁၁၂၇ စစ်ဆင်ရေးလုပ်ဆောင်သည့် MNDAA သည် ဒီဇင်ဘာလ ၅ ရက်နေ့တွင် စစ်ကောင်စီ တပ်ခွဲမှူးအပါ တပ်ဖွဲ့များ နှင့် လက်နက်ခဲယမ်းများသိမ်းဆည်းရကြောင်းထုတ်ပြန်ထားသည်။
ထို့ပြင် ကုန်းကြမ်းစခန်းမှ စစ်ကောင်စီ စစ်သုံ့ပန်း ၇ ဦးကိုလည်း ဖမ်းဆီးရရှိခဲ့ကြောင်း ဆိုထားသည်။
ဖမ်းဆီးခံရသည့် စစ်သုံ့ပန်းများသည် စကခ (၁၂) လက်အောက်ခံ ခမရ(၅၄၅) မှ(၂)ယောက် ၊ ခမရ (၅၄၇)မှ (၂)ယောက် နှင့် ပြည်သူ့စစ်အဖွဲ့ဝင် (၄) ယောက်တို့ ဖြစ်ကြောင်း သိရသည်။
ဆက်လက်ပြီး ရှီးရှမ်းဒေသ၏ အခြားနေရာများတွင်လည်း MNDAA တပ်ဖွဲ့က နေ့ညမပြက်လိုက်လံပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ချို့ကို ထပ်မံချေမှုန်းနိုင်ခဲ့ကြောင်း ဆိုသည်။
MNDAA သည် ကုန်ကြမ်းစခန်းမှ ထွက်ပြေးလာ သည့် စစ်ကောင်စီ စကခ (၁၆) အဖွဲ့ဝင်များကို လိုက်လံတိုက်ခိုက်ဆောင်ရွက်နေကြောင်း သိရသည်။
လက်ရှိအချိန်ထိ ရှမ်းမြောက်ညီနောင် (၃)ဖွဲ့မှ ချင်းရွှေဟော်၊ မုံးကိုး၊ ကွမ်းလုံ၊ ပန်ဆိုင်းနှင့် ကုန်းကြမ်းမြို့များကို သိမ်းပိုက်ထားပြီး တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေး ဂိတ် ၄ ခုကိုလည်း အလုံးစုံထိန်းချုပ်ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *