ခမ်းသားငေါဝ်း
ဒီဇင်ဘာလ ၄၊ ၂၀၂၃
စစ်ကောင်စီက ကရင်နီပြည်အတွင်း ရက်ပေါင်း ၂၀ အတွင်း လေးကြောင်းအသုံးပြုပြီး ၃၅၃ ကြိမ်အထိ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
ကရင်နီပြည်ရှိ လွိုင်ကော်မြို့အတွင်း စစ်ကောင်စီမှလေကြောင်းဖြင့်တိုက်ခိုက်မှုသည် နိုင်ဘာလ ၁၁ ရက် ၂၀၂၃ ခုနှစ် မှစပြီး နိုဝင်ဘာလ ၃၀ ရက်နေ့အထိ ၃၅၃ ကြိမ်ရှိကြောင်း ကရင်နီလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးအဖွဲ့ (KHAI )မှ မှတ်တမ်းတင်ထုတ်ပြန်ထားသည်။
ဝန်ကြီးအိမ်ယာ၊ အထက (၂) နှင့် ဧည့်ရိပ်သာနေရာများတွင် စစ်ကောင်စီမှ နိုဝင်ဘာ (၂၉)ရက်နေ့ က အပြင်းထန်းဆုံး လေးကြောင်းတိုက်ခိုက်မှု အကြိမ်ရေ (၆၀)အထိ ပြုလုပ်ခဲ့ကြောင်းကရင်နီလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးအဖွဲ့မှ ဆိုသည်။
စစ်ကောင်စီမှ လေကြောင်းဖြင့်တိုက်ခိုက်ရာတွင် ပေါင်ငါးရာဗုံးများ ကိုအသုံးပြုပြီး ထူးခြားသည့်မှာ ကင်းထောက်လေယာဉ်များဖြင့်ပါ တိုက်ခိုက်ခြင်းဖြစ်သည်ကို တွေ့ရှိရကြောင်း KHAI မှ ပြောကြားထားသည်။
စစ်ကောင်စီကြောင့် အရပ်သားများ ၇၆ ဦးသေဆုံးသည့်ထဲမှ လေကြောင်းဖြင့် အရပ်သားပြည်သူများနေထိုင်ရာများကိုဦးတည်ပစ်မှတ်ထားပြီး တိုက်ခိုက်ခြင်းကြောင့် ကလေး၊အမျိုးသမီး အပါအဝင် အရပ်သားသေဆုံးမှု ၂၄ ဦးရှိကြောင်းသိရသည်။
လွိုင်ကော်မြို့နယ်တွင်၁၁၁ စစ်ဆင်ရေးအတွင်း စစ်ကောင်စီ နှင့်တော်လှန်ရေး အင်အားစုတို့ တိုက်ပွဲပြင်းပြင်း ထန်ထန်ဖြစ်ပွားခြင်းကြောင့် ဒေသခံပြည်သူအများအပြားစစ်ဘေးတိမ်းရှောင်ခဲ့ရကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *