ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၁၊၂၀၂၃
မူဆယ်မြို့နယ်ရှိ စစ်ကောင်စီ၏နမ့်ပေါ်တပ်စခန်းကို PSLF/TNLAက ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့ကြောင်း ယနေ့ဒီဇင်ဘာလ(၁)ရက်နေ့တွင် TNLAက ထုတ်ပြန်ထားပါသည်။
ရှမ်းမြောက် တအာင်းပြည်နယ် တပ်မဟာ(၁)စစ်ဒေသတွင် PSLF/TNLAဖော်ဆောင်သည့် “၁၀၂၇စစ်ဆင်ရေး”အတွင်း မူဆယ်မြို့နယ်ရှိစစ်ကောင်စီ၏ နမ့်ပေါ်တပ်စခန်းကို ယနေ့တွင် TNLA က သိမ်းပိုက်နိုင်ခဲ့သည် ဟု သိရသည်။
စစ်ကောင်စီ၏ နမ့်ပေါ်တပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLAက နိုဝင်ဘာလ(၂၇)ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ(၅)ရက်တာကြာမြင့်ပြီး ယနေ့ ဒီဇင်ဘာလ(၁)ရက်နေ့ နံနက်(၅း၀၀)နာရီအချိန်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း ဖော်ပြထားပါသည်။
သိမ်းပိုက်ရရှိသည့် နမ့်ပေါ်တပ်စခန်းအတွင်းမှ စစ်ကောင်စီ၏ 60MMလက်နက်ကြီးအပါအဝင် လက်နက်မျိုးစုံ (၃၂)လက်၊ ကျည်အများအပြား၊ စစ်သုံပန်း(၂)ဦးနှင့် စစ်အသုံးအဆောင်ပစ္စည်းကို သိမ်းဆည်းရမိကြောင်း ဆိုထားသည်။
အဆိုပါ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်နေစဥ် စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများနှင့် လေကြောင်းတိုက်ခိုက်မှု Jet Fighter (၂၁)ကြိမ်၊ Y8/Y12လေယာဥ်ဖြင့် (၅)ကြိမ်၊ Mi35/Mi17ဖြင့် (၃)ကြိမ်ထက်မနည်း အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း TNLAက ထုတ်ပြန်ထားပါသည်။
သီပေါမြို့နယ်စစ်ကောင်စီ စဥ့်အင်ရဲစခန်းကိုလည်း TNLA ကယနေ့နံနက်(၆း၃၀)နာရီတွင် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီ၏ လက်နက်(၈)လက်၊ ပစ္စတို(၃)လက်၊ စစ်အသုံးအဆောင်ပစ္စည်းများ၊ ကျည်များနှင့် ရဲ(၂)ဦး ဖမ်းဆီးရမိကြောင်း TNLAက ထုတ်ပြန်ထားပါသည်။
Source-TNLA

Leave a Reply

Your email address will not be published. Required fields are marked *