ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၃၊ ၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း ၊ပင်လောင်းမြို့နယ်တွင် ​လောင်စာဆီများပြတ်လပ်‌နေ၍ ဒေသခံများ အခက်ကြုံ တွေ့နေရ ကြောင်းသိရသည်။
တန်ဆောင်မုန်း လပြည့်နေကစပြီး ဓာတ်ဆီများကို ဈေးကြီးပေးဝယ်ယူနေရသည့် အပြင်တစ်ချို့ဆိုင်များတွင် ဆီများပြတ်လပ်နေ၍ ပိတ်‌‌ထားနေရကြောင်းသိရသည်။
“အများစုက ဆိုင်ပိတ်ထားတယ်။ ဖွင့်တဲ့ဆိုင်ကလည်းအကန့်အသတ်နဲ့ပဲရောင်းတာ။အချိန်ပိုင်းပဲဖွင့်တော့ ဖွင့်တဲ့အချိန်က လူများတယ်။တန်းစီပြီးထည့်ရတယ်။တစ်ချို့ လူက မထည့်ရသေးဘဲ ဆိုင်ပြန်ပိတ်ပြီ။ အခက်ခဲအရမ်းတွေ့တယ်”ဟုပင်လောင်း ဒေသခံတစ်ဦးက ပြောသည်။
ထိုသို့အကန့်အသတ်အချိန်ပိုင်းဖြင့်သာဝယ်ယူရခြင်းကြောင့် စက်ပစ္စည်းအသုံးပြုနေရသည် တောင်သူများအတွက် ဆုံးရှုံးနစ်နာမှုရှိပြီးမိမိလိုရာခရီးလည်းမရောက်နိုင်တော့ကြောင်း ယင်းဒေသခံက ထပ်မံပြောသည်ါ
ထိုသို့ဖြစ်ရခြင်းသည်ပင်လောင်းမြို့သို့ရောက်ရှိရန်အဓိက လမ်းမကြီးဖြစ်သော အောင်ပန်းဂိတ်တွင် ဆီလောင်စာကားများ ဖြတ်သန်းခွင့်မပြုခြင်း ဖြစ် ကြောင်းသိရသည်။
“အဓိက ဒီလွိုင်ကော်ဖက်က တိုက်ပွဲ ပြင်းထန်နေတော့ သူတို့က ဒီအောင်ပန်းဂိတ်က ပေးမဝင်တာ။အဲတာ ကြောင့် ပင်လောင်းမှာ ဆီပြတ်ရတာ။သူတို့ဘာကို ကြောက်နေတာလဲ မသိဘူး။ ပင်လောင်းကနေမှကရင်နီပြည်ဖက်ကို ဆီတွေ ပို့ပေးတာလို့ သူတို့က အဲလိုထင်တာ ။အဲတာကြောင့်ပင်လောင်းမှာဆီ မပြတ်ပြတ် အောင်လုပ်တာ။”ဟုပင်လောင်းမြို့နယ် လောင်စာဆီရောင်းဝယ်သူတစ်ဦးက ပြောသည်။
ပင်လောင်းလမ်းပေါ်တွင် အစစ်ဆေးများသည့်အပြင် ကုန်စည်အမျိုးမျိုးနှင့်လောင်စာဆီကားများ သွားလာခွင့်မပြုခြင်းတို့ကြောင့် အရာရာကို ဒေသခံများက ဈေးကြီးပေးပြီး ဝယ်ယူနေ ကြောင်းသိရသည်။
ပင်လောင်း ဒေသတွင် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီဖက်က MPT၊ တယ်လီနော၊ အူရီဒူးဖုန်းလိုင်း၊ အင်တာနက်လိုင်းများလည်း ဖြတ်တောက်ထားကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *