ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၁၊၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းဒေသတွင် စစ်ကောင်စီက MPT၊တယ်လီနော နှင့် အူရီဒူး ဖုန်းလိုင်းများ ဖြတ်တောက်ထားပြီး ဒေသခံများအခက်အခဲကြုံတွေ့နေရ ကြောင်း သိရသည်။
ဖုန်းလိုင်း၊ အင်တာနက်လိုင်းဖြတ်တောက်ထားသည်မှာ ၅ ရက်ခန့်ရှိနေပြီး အွန်လိုင်းဖြင့် အလုပ်လုပ်သူများ၊ ပညာသင်ယူသူများအတွက် အခက်ခဲ ဖြစ်နေရသည့်အပြင် စီးပွာရေးလုပ်ငန်းရှင်များ၊ ဒေသခံများလည်း ထိခိုက်မှုကြုံတွေ့နေရကြောင်း ဆိုသည်။
“ဖုန်းလိုင်းက မိုင်တဲတစ်ခုဘဲရတယ်။မိုင်တဲလ်း လိုင်းအရမ်း နှေးတယ်။ သူတို့ ဖုန်းလိုင်းဖြတ်ထား တော့ အလုပ်လုပ်တာ နှောင်းနှေးတယ်။တစ်ယောက်နဲ့တစ်ယောက်ဆက်သွယ်တာ အဆင်မပြေဘူး။ အိမ်ကသမီးလည်း အတန်းပျက်ရတယ် “ဟု ဒေသခံတစ်ဦးက ပြောသည်။
ပင်လောင်းမြို့နယ် ဆောင်းပြောင်းဒေသတွင် ယခုရက်ပိုင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက အကြောင်းမဲ့ ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ဖြတ်ထားကြောင့် သိရသည်။
အဆိုပါဒေသတွင် စစ်ကောင်စီတပ်က လက်နက် ကြီးများ ရမ်းသမ်းပစ်ခတ်မှုများ‌ကြောင့် လက်နက်ကြီးများ ကျေးရွာများအနီး မကြာခန ကျရောက်ပေါက်ကွဲမှုများရှိနေကြောင်း ဒေသခံတစ်ဦး က ပြောဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *