ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၂၊ ၂၀၂၃
အာဏာသိမ်းစစ်ကောင်စီ ကြောင့်တစ်လအတွင်း အမျိုးသမီးပေါင်း ၃၈ ဦး သေဆုံးခဲ့ကြောင်း မြန်မာအမျိုးသမီးသမ္မဂ BWU ထုတ်ပြန်ချက်အရ သိရသည်။
ယင်းသေဆုံးမှုသည်၂၀၂၃ ခုနှစ်နိုဝင်ဘာလ ၁ ရက် နေ့မှ ၂၆ ရက်နေ့အထိသာ ဖြစ်ပြီးလက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှု ကြောင့် သေဆုံးမှု အများဆုံးဖြစ်သလို တိုက်ပွဲအကြား သေဆုံးမှုလည်း ရှိကြောင်းသိရသည်။
“ဒီလောက်တောင်သေတယ်ဆို တော့ မြန်မာနိုင်ငံရဲ့ လုံခြုံရေးအခြေအနေကို တွေ့မြင်နိုင်တယ် ။ ကျွန်မတို့ အိမ်ထဲမှာ နေတာတောင် လုံခြုံရေးကစိုးရိမ် ရတယ်။ အမျ်ိုးသမီးတွေကိုစစ်လက်နက်သဖွယ်အသုံးပြုသည့်ကိစွအမျိုးသမီးလိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်မှုတွေ အဲတာဟာလူ့အခွင့်အရေးချိုးဖောက်မှုလဲဖြစ်တယ်။ အဲအပေါ်မှာဆိုထိထိရောက်ရောက်အပြစ်ပေးအရေးယူဆောင်ရွက်မှုမရှိဘူး။”ဟု အမျိုးသမီးအရေး ဆောင်ရွက်နေသူတစ်ဦးက ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ခမ်းသားငေါဝ်းကို ပြောသည်။
ထိုအပြင်တလအတွင်း မတရား ဖမ်းဆီးထိန်းသိမ်းခံရသည့် အမျိုးသမီးလည်း ၁၆ ဦး ရှိ ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီအာဏာသိမ်းပြီး ၂ နှစ်ကျော်ကာလအတွင်း အမျိုးသမီးပေါင်း ၆၆၄ ဦးသေဆုံးခဲ့ရပြီး၊၂၄၄၁ ဦး လည်း ယနေ့အချိန်ထိ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်းသိရသည်။
ယခုဖော်ပြပါ အချက်အလက်သည် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရးအသင်း AAPP နှင့် မီဒီယာများဖော်ပြထားသည့်အချက် အလက်မှ အခြေခံ ကောက်ခံထားခြင်းဖြစ်ပြီး မြေပြင်တွင် ယခုထက်ပိုမိုများပြားနိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပြောထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *