ခမ်းသားငေါဝ်း
ဒီဇင်ဘာ ၃၊ ၂၀၂၃
စစ်ကောင်စီလက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင်း အသက်မပြည့်သေးသည့် ကလေးငယ်အပါအဝင် ဒေသခံအရပ်သား (၇) ဦးသေဆုံးခဲ့ရကြောင်းသိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်နေ့ရှမ်းပြည်နယ်မြောက်ပိုင်းကိုးကန့်ဒေသတွင် စစ်ကောင်စီမှ အရပ်သားများနေအိမ်များ ရပ်ကွက်များကို ပစ်မှတ်ထား လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့်အရပ် ၇ ဦးသေဆုံးခဲ့ပြီး ၄ဦးဒဏ်ရာပြင်းထန်ရရှိခဲ့ကြောင်း MNDAA ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်ဖွဲ့သည် လက်နက်ကြီးဖြင့် နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ပစ်ခတ်ခြင်းကြောင်း တုန်းရှမ်းဒေသ မန်တုံပရွာအုပ်စု၊ ရှရှင်ကျိုင့်ရွာရှိ အရပ်သား ၄ ဦးသေဆုံးခဲ့ပြီး ၂ ဦးဒဏ်ရာရရှိခဲ့ဟုဖော်ပြထားသည်။
ထိုသေဆုံးသူများသည် အသက် (၁၅)နှစ်အရွယ်မိန်းကလေးတစ်ဦး၊ အသက် (၃၈)နှစ်အရွယ်အမျိုးသမီး နှင့် သူ၏သားအသက် (၁၀)နှစ်အရွယ်တစ်ဦး၊ အသက် (၂၀) နှစ်အမျိုးသားတို့ဖြစ်ကြောင်းသိရသည်။
ဒဏ်ရာ ရရှိသည့် ၂ ဦးသည် အသက် ၁၀ နှစ်နှင့် ၁၂ နှစ်အရွယ်ကလေးငယ်များဖြစ်ပြီး လက်ရှိမှာ MNDAA မှ နောက်တန်းပို့ပြီး ဆေးကုသပေးနေကြောင်းဆိုသည်။
“စစ်ကောင်စီကကိုးကန့်နန်ထင်မိန်တောင်ကုန်းစခန်းမှတစ်ဆင့် ရှီးရှမ်းဒေသ၊ တာရွှေထန်ရွာအုပ်စု၊ နန်ကော်ကျေးရွာမှာ စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ပေါ်ပေါ်ထင်ထင် ပစ်ခတ်တိုက်ခိုက်ခဲတာကြောင့် အရပ်သား ၃ ဦး သေဆုံးခဲ့ပြီး ၁ဦးဒဏ်ရာပြင်းထန်ရရှိခဲ့တယ်။” ဟု MNDAA မှဆိုသည်။
ထိုအပြင် ညအချိန်မှာ စစ်ကောာင်စီမှ ဂျက်လေ ယာဉ်ဖြင့် နန်ကော်ရွာကို ထပ်မံလာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ၃ အိမ်ပျက်စီးခဲ့ပြီး ကားအတွင်း အိပ်နေသည့် အိမ်ပိုင်ရှင်တစ်ဦးလည်း သေဆုံးသွားခဲ့ကြောင်းသိရသည်။
၁၀၂၇ စစ်ဆင်ရေး စတင်ပြီးချိန်တွင် စစ်ကောင်စီက စစ်ပွဲအတွင်း ရှုံးနိမ့်နေမှုကြောင်း အရပ်သားနေအိမ်များ၊ ကျောင်းဆောင်များကို ပစ်မှတ်ထားပြီး လက်နက်ကြီးဖြင့် ပစ်ခတ်လက်စားချေတိုက်ခိုက် လာခြင်းကြောင့်အထူးဒေသ (၁) နယ်မြေအတွင်း နိုဝင်ဘာလ ၃၀ ရက်နေ့အထိ အရပ်သားအနည်းဆုံး ၄၇ ဦးသေဆုံးခဲ့ရပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း MNDAA မှ ဆိုထားသည်။

You missed