Month: December 2023

ဒီမောဆို အနောက်ခြမ်းရှိ စစ်ရှောင်စခန်းများတွင် ဆန်ပြတ်လပ်နေပြီး စစ်ရှောင်များ အခက်အခဲ ကြုံတွေ့နေရ

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၂၆၊၂၀၂၃ ကယား(ကရင်နီ)ပြည် ဒီမောဆို အနောက်ခြမ်းရှိ စစ်ရှောင်စခန်းများတွင် ဆန်နှင့် စားနပ်ရိက္ခာများပြတ်လပ်နေပြီး ဒေသခံနှင့် စစ်ရှောင်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စစ်ရှောင်ကူညီသူတစ်ဦးထံမှ သိရသည်။ စစ်ကောင်စီက အဆိုပါဒေသသို့ စားနပ်ရိက္ခာများ သယ်ယူရေး လမ်းကြောင်းများကို…

ဆီဆိုင်မြို့နယ်ရှိကျေးရွာများတွင် PNLO/PNLA အဖွဲ့မှ ကားရှိသည့်အိမ်များကို အခွန်ဆောင်ခိုင်းခြင်းရှိနေ ဟုဆို

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၂၆၊၂၀၂၃ ဆီဆိုင်မြို့နယ်ရှိ ကျေးရွာများတွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA)မှ ကားရှိသည့်အိမ်များကို အခွန်ဆောင်ခိုင်းခြင်း ရှိနေသောကြောင့် ဒေသခံလူထုများက အခက်အခဲဖြစ်ရကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ရှိ ကျေးရွာများတွင် ယခုရက်ပိုင်းအတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA)မှ ကားရှိသည့်မည်သူမဆို…

အစုလိုက်အပြုံလိုက်​ပြည်သူသတ်ဖြတ်ခံရမှု တဖြည်းဖြည်း မေ့ပျောက်သွားခြင်းမျိုး အဖြစ်မခံဘူးဟု IEC ပြော

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၂၅၊၂၀၂၃ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရသည့်အပြစ်မဲ့ပြည်သူနှင့် ကျန်ရစ်မိသားစုများအတွက်တရားမျှတမှုမရပဲ တဖြည်းဖြည်း မေ့ပျောက်သွားခြင်းမျိုး အဖြစ်မခံနိုင်ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)မှ ဒီဇင်ဘာ ၂၅ ရက်နေ့ ခမ်းသားငေါဝ်းကိုပြောသည်။ ကရင်နီပြည် ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီး၌ ၂၀၂၁ ခု ဒီဇင်ဘာ၂၄ ရက်နေ့တွင်…

စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်ခြင်းကြောင့် စစ်ရှောင် ပြည်သူ ၂ ဦးထိခိုက်သေဆုံး

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၂၅၊ ၂၀၂၃ ဖယ်ခုံသို့ ပြောင်းဖူးပြန်သယ်သည့် စစ်ရှောင်ပြည်သူများ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်​ခြင်းကြောင့် ယာဉ်မောင်းတစ်ဦးနှင့် လိုက်ပါလာသူ တစ်ဦးပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဗန်းမောက်ဒေသခံ တစ်ဦးပြောပြချက်အရသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် – ဖယ်ခုံနယ်စပ်ရှိ…

ဖရူဆိုမြို့ စစ်ကောင်စီကျူးလွန်သည့်စစ်ရာဇဝတ်မှု ၂ နှစ်ပြည့်တွင် နိုင်တကာမှအရေးယူပေးရန်IEC တိုက်တွန်း

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၂၄၊၂၀၂၃ (၂ )နှစ်ပြည့်ပြီဖြစ်သည့် ဖရူဆိုမြို့မိုဆို​ကျေးရွာ၌ ပြည်သူအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှု စစ်ကောင်စီကျူးလွန်သည့်ထိုစစ်ရာဇဝတ်မှုအရေးယူပေးရန်ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီIEC က နိုင်ငံတကာ အဖွဲ့အစည်းကို တိုက်တွန်းထားသည်။ ကရင်နီပြည်နယ် ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီး၌ ခရစ္စမတ်အကြိုနေ့တွင် အပြစ်မဲ့ပြည်သူ (၃၅) ဦးထက်မနည်း အစုလိုက်အပြုံလိုက်သတ်ဖြတ်ပြီး…

တောင်ကြီးမြို့တောင်ဘက်ကျေးရွာရှိလူနေအိမ်အချို့ဖောက်ထွင်းခံရပြီး ပစ္စည်းများအခိုးခံရ

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၂၄၊၂၀၂၃ ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တောင်ဘက်ရှိညိုမီး ထီဗွာကျေးရွာရှိ လူနေအိမ်အချို့ဖောက်ထွင်းခံရပြီး ပစ္စည်းများဝင်ရောက်ခိုးယူခြင်းခံရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးထံမှသိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ၂၂ ရက်နေ့ နေ့လည် ၂ နာရီအချိန်တွင် ညိုးမီးရှိလူနေအိမ်တစ်အိမ်ကို သူခိုးများက အိမ်စောင့်ခွေးကို အဆိပ်ပါအစာကြွေးပြီး အိမ်ကိုဖောက်ကာ…

မန်တုံမြို့ရှိ စစ်ကောင်စီ ဗျုဟာမှူးကွပ်ကဲသည့် တပ်စခန်း ကို TNLAမှ အပြီးသတ်ရှင်းလင်းချေမှုန်း သိမ်းပိုက်နိုင်ခဲ့ဟုဆို

ခမ်းသားငေါဝ်း ဒီဇင်ဘာ၂၄၊ ၂၀၂၃ ရှမ်းပြည်နယ် မြောက်ပိုင်းမန်တုံမြို့ရှိ စစ်ကောင်စီ ဗျုဟာမှူးအခြေချ ကွပ်ကဲနေသည့် တပ်စခန်းပွဲကို တအောင်းတပ်မတော် TNLA က ဒီဇင်ဘာ ၂၂ ၌ အလုံးစုံထိန်းချုပ်သိမ်းပိုက် နိုင်ခဲ့ကြောင်းသိရသည်။ ၁၀၂၇ စစ်ဆင်ရေးအတွင်း ဒီဇင်ဘာ…

ဗန်းမောက်စစ်ရှောင်စခန်းသို့ စစ်ရှောင်ကူညီရန်သွားသူများကို စစ်ကောင်စီက ဓားထောက်စစ်ဆေးခြိမ်းခြောက်မှုပြုလုပ်

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၂၄၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ပင်းလောင်း – ဖယ်ခုံ နယ်စပ်ရှိ ဗန်းမောက်ကျေးရွာသို့သွားသည့် စစ်ရှောင်ကူညီသူများကို စစ်ကောင်စီက ဓားထောက်ခြိမ်း ခြောက်သည့်အတွက် စစ်ရှောင်များကိုအကူအညီပေးရန် အခက်အခဲရှိနေကြောင်းသိရသည်။ လူသားချင်းစာနာထောက်ထားမှု ကိစ္စရပ်ကူညီလုပ်ဆောင်ပေးသူများကို စစ်ကောင်စီက ဒီဇင်ဘာ ၂၀…

စစ်ကောင်စီတပ်လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ် (၁၅‌)လုံး ထိခိုက်ပျက်စီး

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၂၃၊၂၀၂၃ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ် (၁၅‌)လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း TNLA ထုတ်ပြန်ချက်အရသိရသည်။ ရှမ်းမြောက် မန်တုံမြို့တွင် တအာင်းတပ်မ‌တော် PSLF/TNLA နှင့် စစ်ကောင်စီတပ်တို့ ဒီဇင်ဘာလ(၁၉)ရက်နေ့မှ ဒီဇင်ဘာလ(၂၂)ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ လေကြောင်းဖြင့်…

နမ်းခမ်းမြို့တိုက်ပွဲတွင် အရပ်သား(၁၄)ဦးသေဆုံးပြီး အရပ်သားနေအိမ်(၁၂၇)လုံး ထိခိုက်ပျက်စီး

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၂၃၊၂၀၂၃ တိုက်ပွဲတစ်လကျော်ကာလကြာမြင့်ခဲ့သည့် နမ်းခမ်းမြို့တိုက်ပွဲတွင် အရပ်သား(၁၄)ဦးသေဆုံး၊ (၂၆)ဦးဒဏ်ရာရခဲ့ပြီး အရပ်သားနေအိမ်(၁၂၇)လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ ရှမ်းမြောက် နမ်းခမ်းမြို့တွင် တအာင်းအမျိုးသားလွတ်မြောက်‌ရေးတပ်မတော် (TNLA)နှင့် စစ်ကောင်စီတပ်တို့ တစ်လကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာ အရပ်သား(၁၄)ဦးသေဆုံး၊ (၂၆)ဦးဒဏ်ရာရခဲ့ပြီး အရပ်သားနေအိမ်…