Month: November 2023

ရှမ်းမြောက်တွင်တိုက်ပွဲကြောင့်ဒေသခံလူထုသောင်းချီထွက်ပြေးတိမ်းရှောင်နေရ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၆၊ ၂၀၂၃ ရှမ်းပြည်နယ်မြောက်ပိုင်းတွင်တိုက်ပွဲဖြစ်ပွားခြင်းကြောင့် အိုးအိမ်​နေရပ်စွန့်ခွါပြီးစစ်ဘေးရှောင်ပြည်သူ သောင်းချီရှိလာခဲ့ကြောင်းသိရသည်။ အောက်တိုဘာလ၂၇ ရက်နေ့မှစပြီး နိုဝင်ဘာလ ၆ ရက်နေ့အထိ နေ့စဉ်တိုက်ပွဲ၊ စခန်းသိမ်းတိုက်ပွဲဖြစ်ပွားလျက်ရှိကာ ပြည်သူများဘဝနေထိုင်မှု လုံခြုံမှုမရှိကြောင်းရှမ်းမြောက်ဒေသခံအမျိုးသားတစ်ဦးကပြောသည်။ “ဒီစစ်ဆင်ရေးစတင်ကြေညာတဲ့ရက် တိုက်ပွဲစဖြစ်တဲ့ရက်ကစပြီး ပြည်သူတွေလုံခြုံမှုမရှိတော့ဘူးလေ။ အဲ့ရက်ကတည်းကတချို့ကရှောင်နေရပြီ။ခုထိရှောင်နေရသူ…

ကောလင်းခရိုင် ကောလင်းမြို့ကို PDF များ သိမ်းပိုက်ပြီး၊ လက်နက်ခဲယမ်း အများအပြားသိမ်းဆည်းရမိဟုဆို

ခမ်းသားငေါဝ်း၊ နိုဝင်ဘာ ၆၊ ၂၀၂၃ အမှတ် (၁) စစ်ဒေသ၊ ကောလင်းခရိုင် ကွတ်ကဲရေး အစီစဥ်ဖြင့် ကောလင်းမြို့ကို သိမ်းပိုက်ပြီး လက်နက်ခဲယမ်း အများပြားသိမ်းဆည်းရမိခဲ့ကြောင်းပြည်သူ့ကာကွယ်ရေး တပ်မတော် PDF ထုတ်ပြန်ချက်အရသိရသည်။ စစ်ကိုင်းတိုင်း၊ ကောလင်း ခရိုင်၊…

အင်းလေးတွင်ကျပ်သိန်းပေါင်းသိန်းချီလိမ်လည်သွားသူ ရောက်ရာအရပ် ဌာနဆိုင်ရာကိုလာဘ်ထိုးပြီးနေထိုင်နေဟုဆို

ခမ်းသားငေါဝ်း နိုဝင်ဘာ ၅၊ ၂၀၂၃ အင်းလေးဒေသ အင်းပေါခုံရွာအတွင်း ဒေသခံများထံမှကြေးငွေကိုလိမ်လည်ပြီးထွက်ပြေးနေသည့် ကိုဇင်မင်းထွန်းလင်မယား သည်လက်ရှိမွန်ပြည်နယ် မော်လမြိုင်မြို့ သံဖြူဇရပ်တွင်ရောက်ရှိနေထိုင်နေကြောင်း သိရသည်။ ထိုသူမိသားစု လွတ်လပ်စွာသွားလာနေထိုင်နိုင်ရန် ယင်းဒေသရှိဌာနများ၏ စခန်းမှူး၊ မြို့နယ်မှူးများကိုပိုက်ဆံနှင့်လိုက်ကန်တော့ခြင်းလာဘ်ထိုးခြင်းများပြုလုပ်နေကြောင်းသတင်းရင်းမြစ်ကပြောသည်။ “ကျွန်တော်တို့ဒီမှာခေါ်တာကဇင်မင်းလို့ခေါ်တယ်။ ဒီလူက ကုတ်ဆွဲပြီးဖမ်းလို့တော့မရဘူး။…

မြောက်ပိုင်း ညီနောင်မဟာမိတ် အဖွဲ့က စစ်ကောင်စီ တပ်စခန်းများကို ဆက်လက်သိမ်းပိုက်

ခမ်းသားငေါဝ်း နိုဝင်ဘာလ ၅၊ ၂၀၂၃ ၁၀၂၇ စစ်ဆင်ရေး (၉) ရက်မြောက်နေ့တွင်လည်း ညီနောင်မဟာမိတ် (၃)ဖွဲ့ တို့စစ်ဆင်ရေးပစ်မှတ်ဖြစ်သည့် စစ်ကောင်စီတပ်စခန်း ၇ ခု ကိုထပ်မံသိမ်းပိုက် နိုင်ခဲ့ကြောင်းသိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ဖွဲ့၏ လက်ရှိ…

ဆောင်းပြောင်းတွင် လက်နက်ကြီးသံနှင့် ကောလဟာလသတင်းစကားကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်ဖြစ်ရ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၄၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်၊ဆောင်းပြောင်းကျေးရွာအနီးတွင် လက်နက်ကြီးသံနှင့် ကောလဟာလသတင်းစကားကြောင့် ဒေသခံများ မအိပ်နိုင်ဘဲ စိုးရိမ်ထိတ်လန့်ဖြစ်နေရကြောင်းဒေသခံများပြောပြချက်အရ သိရသည်။ ဆောင်းပြောင်း‌ကျေးရွာအနီး‌တွင် နိုဝင်ဘာလ ၂ ရက်နေ့ ည ၁၁ နာရီအချိန်တွင် လက်နက်ကြီးပစ်ခတ်သံ ၃…

KNDF နှင့်မဟာမိတ်တပ်ပေါင်းစုများ အောက်တိုဘာလတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲပေါင်း(၃၀)ကျော်ဖြစ်ပွား ဟုဆို

ခမ်းသားငေါဝ်း နိုဝင်ဘာ ၄၊၂၀၂၃ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)နှင့် မဟာမိတ်တပ်ပေါင်းစုများသည် စစ်ကောင်စီတပ်နှင့် တိုက်ပွဲပေါင်း(၃၀)ကျော် ဖြစ်ပွားခဲ့ကြောင်း အောက်တိုဘာလ စစ်ရေးအနှစ်ချုပ် ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ ကယား(ကရင်နီ)ပြည်နယ်တွင် အောက်တိုဘာလအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)နှင့် မဟာမိတ်တပ်ပေါင်းစုများသည် စစ်ကောင်စီတပ်နှင့် တိုက်ပွဲပေါင်း(၃၀)ကျော် ဖြစ်ပွားခဲ့ကြောင်း ကရင်နီအမျိုးသားမျိုးသားကာကွယ်ရေးတပ်…

ကွတ်ခိုင်တွင် ကုန်ဈေးနှုန်းများအဆမတန်မြင့်တက်၍ ဒေသခံများ တစ်ရက်ကို ထမင်းတနပ်သာ စားသုံးရ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၃၊၂၀၂၃ ကွတ်ခိုင်တွင် တိုက်ပွားဖြစ်ပွားမှုကြောင်း ကုန်ဈေးနှုန်းများအဆမတန်မြင့်တက်ပြီး ဒေသခံများ တရက်ကို ထမင်းတနပ်သာ စားသုံးရကြောင့် ဒေသခံများပြောဆိုချက်အရ သိရသည်။ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နှင့် ကွတ်ခိုင်မြို့နယ်ရှိကျေးရွာများတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် ကုန်ဈေးနှုန်းများအဆမတန်မြင့်တက်ပြီး အလယ်အလတ်လူတန်းစားများက တစ်ရက်ကို ထမင်းတစ်နပ်သာစားသုံးနိုင်ကြသလို…

ဟံမြင့်မိုရ်- ရွာငံသွားလမ်းမကြီးရှိ ခရီးသွားပြည်သူများ အသွားအလာသတိပြုရန် မှော်ဘုရင်စစ်ကြောင်းမှ အသိပေး

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၊၂၀၂၃ မှော်ဘုရင်စစ်ကြောင်းမှ ဟံမြင့်မိုရ်နှင့် ရွာငံသွားလမ်းမကြီးရှိ ခရီးသွားပြည်သူများအား သတိဖြင့်သွားလာပေးကြရန် မှော်ဘုရင်စစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။ ရွာငံဒေသအခြေစိုက် မှော်ဘုရင်စစ်ကြောင်း (P3-1003)က နိုဝင်ဘာလ ၂ ရက်နေ့မှစပြီး အဆိုပါလမ်းမကြီးအား ဖြတ်သန်းမောင်းနှင်မည့်ခရီးသွား‌ ဒေသခံကားများကို…

ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီ နှင့် ကြူကုတ်မြို့များကို အလုံးစုံထိန်းချုပ်နိုင် ဟု မဟာမိတ် ၃ ဖွဲ့ဆို

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂ ၊၂၀၂၃ စစ်ဆင်ရေး ၇ ရက်တာတွင် ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီ နှင့် ကြူကုတ် (ပန်ဆိုင်း) မြို့များကို အလုံးစုံထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း မဟာမိတ် ၃ ဖွဲ့ က ယနေ့တွင်…

ပင်လောင်း နန်းတုပ်ရွာတွင် စစ်ကောင်စီသတင်းပေး ဦးခင်မောင်ဝင်း ပစ်ခတ်ခံရပြီး သေဆုံး

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၊၂၀၂၃ ပင်လာင်းမြိုနယ် နမ့်တုပ်ကျေးရွာနေ စစ်ကောင်စီသတင်းပေး ဦးခင်မောင်ဝင်း ပစ်ခတ်ခံခဲ့ရကြောင်း ဒေသခံတစ်ဦး ပြောပြချက်အရ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လာင်းမြိုနယ် နမ့်တုပ်ကျေးရွာနေ စစ်ကောင်စီကို သတင်းပေးသူ ဦးခင် မောင်ဝင်းသည် နေအိမ်တွင် ပစ်ခတ်ခံခဲ့ရပြီး…