ခမ်းသားငေါဝ်း
နိုဝင်ဘာ ၂၄၊၂၀၂၃
စစ်ကောင်စီသည် ဓာတုလက်နက်များဆိုင်ရာသဘောတူညီချက်ကို ချိုးဖောက်ပြီး တော်လှန်ရေးအဖွဲ့များကို ဓာတုဗုံးများဖြင့် တိုက်ခိုက်မှုပြုလုပ်နေကြောင်း MMDAA က ထုတ်ပြန်ထားပါသည်။
ရှမ်းပြည်မြောက်ပိုင်း၊ နမ့်စလပ်တောင်ကုန်းစခန်းထဲတွင် စစ်ကောင်စီက ဓာတုလက်နက်များဆိုင်ရာ သဘောတူညီချက်ကို ချိုးဖောက်ပြီး ဓာတုဗုံးများဖြင့် လက်နက်ကိုင်တော်လှန်‌ရေးအဖွဲ့များကို တိုက်ခိုက် နေသည် ဟု The Koekan မှ နိုဝင်ဘာ၂၃ ရက် နေ့တွင် ဖော်ပြထားပါသည်။
နိုဝင်ဘာ ၂၃ ရက်နေ့ ညနေ (၁၅း၁၈)နာရီအချိန်တွင် စစ်ကောင်စီတပ်မှ MNDAA သိမ်းပိုက်ထားသော နမ့်စလပ် တောင်ကုန်းစခန်းကို ဓာတု (အဆိပ်)ဗုံး လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီဖက်က အဆိုပါ ဓာတုဗုံး ၄ လုံးလာရောက်ကြဲခဲ့ပြီးMMDAA မှ တပ်ဖွဲ့ ဝင်အချို့ရှူမိခဲ့ရာ ခေါင်းမူးခြင်း၊ အော့အန်ခြင်းများ ဖြစ်ခဲ့ကြောင်း သိရသည်။
၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီ၏ တပ်စခန်း‌၂၀၀ နီးပါးနှင့်မြို့နယ်(၉)ခုကို လက်လွှတ်ဆုံးရှုံးရသည့်အတွက် ယခုကဲ့သို့ ဓာတုဗုံး အသုံးပြုကြဲလာခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပြောဆိုထားပါသည်။
နိုဝင်ဘာ ၁၈ ရက် နှင့် နိုဝင်ဘာ ၁၄ ရက် နေ့တွင်လည်း TNLA မှ သိမ်းဆည်းရမိသော စစ်တပ်စခန်းနှစ်ခုကို စစ်ကောင်စီဖက်မှ ဓာတုဗုံးဖြင့် နှစ်ကြိမ်လာရောက်ကြဲချခဲ့ကြောင်း သိရသည်။
ပုံ-ဓာတုဗုံးပေါက်ကွဲပြီးအဆိပ်ငွေ့များပြန့်ကျဲနေပုံ

Leave a Reply

Your email address will not be published. Required fields are marked *