ခမ်းသားငေါဝ်း
နိုဝင်ဘာ ၁၆ ၊၂၀၂၃
တအာင်းတပ်မတော် PSLF/TNLA တပ်သည် နမ့်ခမ်းမြို့နယ်ရှိ တာကွန့် စစ်ကောင်စီတပ်စခန်း ကို သိမ်းပိုက်နိုင်ပြီး စစ်ကောင်စီတပ်၏ ထောက်ပို့လေယဥ်ဖြင့် ချပေးသည့် လက်နက်ခဲယမ်းများကိုလည်း ပစ်ခတ်ဖြတ်ယူနိုင်ခဲ့ကြောင်း TNLA က ယနေ့ နိုဝင်ဘာ ၁၆ ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။
နမ့်ခမ်းမြို့နယ် နောင်အင်ကျေးရွာရှိ စစ်ကောင်စီ တာကွန့်တပ်စခန်းကို ယနေ့‌ နိုဝင်ဘာ ၁၆ ရက်နေ့ နံနက် (၁၀း၅၀)နာရီအချိန်တွင် တအာင်းတပ်မတော် PSLF/TNLA မှ သိမ်းပိုက်ရရှိသည် ဟု သိရသည်။
ထို့ပြင် ယနေ့ နိုဝင်ဘာ ၁၆ ရက်နေ့ နံနက် (၁၁း၄၃)နာရီ အချိန်တွင် မူဆယ်မြို့နယ် ကျင်စန့်ကျော့လမ်းခွဲ၌ စစ်ကောင်စီတပ် နှင့် တအာင်းတပ်မတော် PSLF/TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း သိရသည်။
လားရှိုးမြို့နယ်၊ မိုင်းကျက်တပ်စခန်းတွင် စစ်ကောင်စီတပ်မှ ထောက်ပို့လေယဥ်ဖြင့် ချပေးသည့် လက်နက်ခဲယမ်းများကိုလည်း တအာင်းတပ်မတော် PSLF/TNLA မှ ဒုတိယအကြိမ် ဆေးဝါးများနှင့် ခဲယမ်း (၁၃)သေတ္တာ ပစ်ခတ်ဖြတ်ယူနိုင်ခဲ့ ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။
Source-TNLA

Leave a Reply

Your email address will not be published. Required fields are marked *