ခမ်းသားငေါဝ်း
နိုဝင်ဘာ ၂၂၊ ၂၀၂၃
ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြို့တွင် စစ်ကောင်စီမှ ဖုန်းလိုင်းအားလုံးဖြတ်တောက်ထားပြီဖြစ်ကြောင်း နိုဝင်ဘာလ ၂၂ ရက်နေ့ကသိရသည်။
“ဟုတ်တယ်ဖုန်းလိုင်းမရတော့ဘူး အခုက ဥတ္တရုံအနီးအနားတော့ ရတယ်ပြောတယ်။ ကျန်တဲ့နေရာတွေမှာမရတော့ဘူး။ ဟိုမှာကျန်တဲ့လူတွေနဲ့အဆက်အသွယ်မရတော့ဘူး”ဟု လွိုင်ကော်မှ စစ်ရှေင်လာသူဒေ သခံတစ်ဦးကပြောသည်။
လွိုင်ကော်မြို့မှာ ၁၁၁၁ စစ်ဆင်ရေး စတင်ကတည်း က အချို့ဖုန်းလှိုင်းများဖြတ်တောက်ထားသော် လည်း MPT လိုင်းအသုံးပြု၍ရသေးကြောင်း၎င်းကဆက်ပြော သည်။
လက်ရှိတွင် Ooredoo၊ Mytel၊ Atom၊ MPT ဖုန်းလိုင်း အားလုံးဖြတ်တောက်ထားပြီး ဥတ္တရုံဘုန်းကြီးကျောင်းအနီးအနား၌ Mpt လိုင်းကို ရတချက်မရတချက်ဖြစ်နေကြောင်းဒေသခံထံမှသိရသည်။
တိုက်ပွဲ ပြင်းထန်မှုကြောင့် လွိုင်ကော်မြို့နယ်မှ နေရပ်စွန့်ခွာသူ စစ်ရှောင် လေးသောင်းကျော်ရှိနေပြီးအခက်အခဲအမျိုးမျိုးကြောင့် မြို့တွင်း ပိတ်မိသူအချို့ကျန်ရှိနေသေးကြောင်းသိရသည်။
စစ်ကောင်စီသည် လေကြောင်းဖြင့်သာ အဓိက တိုက်ခိုက်သဖြင့် အရပ်သားသေဆုံးမှုများ ၆၈ ဦးရှိနေပြီး အရပ်သားပြည်သူနေအိမ်ပျက်စီးမှုများပျက်စီးမှုရှိနေ ကြောင်း KHAI မှထုတ်ပြန်ထား သည်။

Leave a Reply

Your email address will not be published. Required fields are marked *