ခမ်းသားငေါဝ်း
နိုဝင်ဘာ ၂၂၊၂၀၂၃
ကယား(ကရင်နီ)ပြည် လွိုင်ကော်မြို့ ၁၁၁၁ စစ်ဆင် ရေးအတွင်း အရပ်သား ၆၈ ဦး သေဆုံးပြီး သေဆုံးသူများထဲတွင် ကလေးငယ် ၁၀ ဦးပါဝင်ခဲ့ကြောင်း ကရင်နီလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီ ပေးရေးအဖွဲ့ KHAI အဖွဲ့ထုတ်ပြန်ချက်အရသိရသည်။
အဆိုပါ အရပ်သားသေဆုံးမှု ၆၈ ဦးသည် နိုဝင်ဘာ ၁၁ ရက်နေ့မှ နိုဝင်ဘာ ၁၉ ရက်နေ့အထိ ဖြစ်ပြီး ၉ ရက်အတွင်း ဖြစ်ကြောင်း သိရသည်။
သေဆုံးသည့် အရပ်သားများသည် လက်နက်ကြီး ကြောင့် သေဆုံးသူ ၃၆ ဦး၊ လေကြောင်းတိုက်ခိုက်မှုဖြင့် သေဆုံးသူ ၂၆ ဦး၊ တိုက်ပွဲအတွင်းပစ်သတ်ခံရသူ ၈ ဦးရှိကြောင်းသိရသည်။
ထိုသေဆုံးသူများတွင် အမျိုးသား၂၈ ဦး၊အမျိုးသမီး ၁၈ ဦး၊ အသက်မပြည့် ကလေးငယ် ၁၀ ဦး၊ ဘာသာရေးသံဃာနှစ်ပါးနှင့် အမည်၊အသက်အတည်မပြုနိုင်သူ ၁၀ ဦးပါဝင်ကြောင်း သိရသည်။
KHAI အဖွဲ့အစည်းသည် ကရင်နီပြည်အရပ်သားပြည်သူများ၏ ထိခိုက်သေဆုံးမှုများအားအနီးစပ်ဆုံး သုတေသနပြုလုပ်ခြင်းဖြစ်ပြီး မြေပြင်တွင် ထိခိုက်မှုများ နေ့စဉ်နှင့်အမျှ တိုးလာနိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပြောထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *