ခမ်းသားငေါဝ်း
နိုဝင်ဘာ ၁၉၊၂၀၂၃
လွိုင်ကော်တိုက်ပွဲတွင် စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျရောက်ထိမှန်သဖြင့် သက်တော် ၁၉ နှစ် ကိုရင်တစ်ပါး နှင့် ဦးဇင်းတစ်ပါး ပျံလွန်တော်မူခဲ့ကြောင်း‌ ဒေသခံတစ်ဦးက ပြောသည်။
ကရင်နီပြည် လွိုင်ကော်မြို့နယ် ဥတ္တာရုံဘုန်းကြီးကျောင်းမှ ကိုရင်လေးတစ်ပါး နှင့် ဦးဇင်းတစ်ပါးသည် စစ်ကောင်စီ ပစ်ခတ်သည့်လက်နက်ကြီး ကျရောက်ထိမှန်သောကြောင့် ယနေ့ နိုဝင်ဘာ ၁၉ ရက်နေ့တွင် ပျံလွန်တော်မူသွားကြောင်း သိရသည်။
“အခုစစ်ကောင်စီက ထန်းတလန်ဖက်က ထက်ပိုဆိုးတဲ့အခြေအနေရှိနေတယ် ကျောင်းတောင်နှစ်ခြမ်းကွဲသွားတယ် စစ်ကောင်စီက လုံးဝပြာကျအောင်လုပ်မယ်လို့ကြားတယ်” ဟု လွိုင်ကော်ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ ပျံလွန်တော်မူသွားသည့် ကိုရင်တစ်ပါးသည် ဦးဇင်းအဖြစ် ပြုလာနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဘုန်းကြီးကျောင်းထဲတွင် စစ်ဘေးရှောင်များလည်းရှိနေပြီး လက်ရှိတွင် ထိခိုက်မှုအသေးစိတ် မသိရသေးကြောင်း၄င်းက ဆိုသည်။
အခုအချိန်ထိ လွိုင်ကော်မြို့ထဲတွင် ပိတ်မိနေသည့်စစ်ရှောင်များရှိနေသလို မြို့ထဲမှ စစ်ရှောင် (၄၀၀၀၀)လေးသောင်းကျော် စစ်ရှောင်နေရပြီး မြို့နေ လူဦးရေ၏ ၈၀ ရာခိုင်နှုန်းကျော်ရှိနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *