ခမ်းသားငေါဝ်း
နိုဝင်ဘာ ၁၈၊၂၀၂၃
ကယား(ကရင်နီ)ပြည်တွင် တိုက်ပွဲပြင်းထန်နေခြင်းကြောင့် လွိုင်ကော်မြို့ရှိ ရွှေတောင်ပရိယတ္တိစာသင်တိုက်မှ သံဃာတော် ၈၄ ပါးသည် နောင်တရားမြို့နယ် ပေါးအင်း‌ဒေသ ဘုရားဖြူကျေးရွာတွင် ကြွရောက်စစ်‌ရှောင်ခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၁၇ ရက်နေ့ ည ၇ နာရီအချိန်တွင် ရောက်ရှိခဲ့ပြီး ဆွမ်းသုံးဆောင်ရန်နှင့် နေရာထိုင်ခင်းများကို ဒေသခံများက တာဝန်ယူ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
“ကျွန်တော်တို့ရွာက ကူညီသွားမယ်ပေါ့နော။ ၁၃ ဖွဲ့ ဖွဲ့ထားတယ်။ အလှည့်ကျစနစ်နဲ့ ချက်ပြီး ကပ်လှူသွားမယ် အဲလိုစီစဉ်ထားတယ်ဗျ”ဟု ဒေသခံတစ်ဦးက ပြောသည်။
လွိုင်ကော်မြို့ရှိ ရွှေတောင်ကျောင်းတွင် သံဃာ‌ တော်အချို့ ကျန်ရှိနေသေးကြောင်း သိရသည်။
“ရွှေတောင်ကျောင်းထဲမှာ လာရောက်ခိုလှုံတဲ့ အရပ်သားတွေရှိတယ် အဲဒီအရပ်သားတွေကို ထားခဲ့ရမှာ စိတ်မချလို့ တစ်ချို့သံဃာတော်တွေက အရပ်သားနဲ့ အတူ ဘုန်ကြီးကျောင်းမှာနေခဲ့တယ်”ဟု သံဃာတော်နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
ရွှေတောင်ပရိယတ္တိစာသင်တိုက်မှ သံဃာတော်နှင့် ဘုန်းတော်ကြီးများသည် ပြီးခဲ့သည့် ၂၀၂၂ခုနှစ်တွင်လည်း ဆောင်းပြောင်းကျေးရွာဘုန်ကြီးကျောင်းသို့ စစ်ဘေးရှောင်ခဲ့ဖူးကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *