ခမ်းသားငေါဝ်း
နိုဝင်ဘာ ၂၀၊၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်ရောက် စစ်ရှောင် တစ်သောင်းကျော်အတွက် စားရေးသောက် ရေးနှင့် နေရာထိုင်ခင်းများ အရေးပေါ်လိုအပ်နေကြောင်း စစ်ရှောင်ကူညီသူတစ်ဦးက ပြောသည်။
အဆိုပါ စစ်ရှောင်အများစုသည် အသက်ဘေးမှ လွှတ်မြှောက်အောင်အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့်သာ ထွက်ပြေးလာခဲ့ရသဖြင့် အဖက်ဖက်မှ အကူအညီများ လိုအပ်နေ ကြောင်းသိရသည်။
“တချို့ကျတော့ လောလောနဲ့ထွက်လာနေရတော့ဘာမှ ပါမလာဘူး။တစ်ပတ်စာ အရေးပေါ် ထောက်ပံ့ပေးနေတာတော့ လုပ်ပေးတယ်။ ရှေ့ဆက်တော့ အလှူရှင်တွေမရှိ သေးဘူး”ဟု စစ်ရှောင်အရေး ကူညီနေသူတစ်ဦးက ပြောသည်။
ယခု ဆီဆိုင်မြို့နယ်တွင် စစ်ရှောင်ခန့်မှန်းဦးရေ (၁၀၀၀၀) တစ်သောင်း ကျော်ရှိပြီး ထပ်မံရောက်ရှိ လာရန်လည်းရှိကြောင်း သိရသည်။
“နေ့တိုင်းတိုးနေတာ စာရင်းက ပိတ်လို့မရနေဘူး။ထပ်ရောက်လာဖို့လည်းရှိတယ်။ ထွက်လို့မရဘဲလာဖို့ပြောထားတဲ့ ဒေသခံ တွေ လည်း အများကြီး ကျန်သေးတယ်”ဟု ပြောသည်။
စစ်ရှောင်အများစုသည် ရေဖြူ၊လာဇရု၊အောင်ကလပ် ကျေးရွာ နှင့်မြို့ပေါ် ဘုရားဖြူ၊ ဟိုခဲ၊အောင်သပြေ၊ သီရိ ၊မဂ်လာရပ်ကွက်၊မြကန်သာရက်ကွက်ရှိ စစ်ရှောင်စခန်းများတွင် အများဆုံးဖြစ် ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *