ခမ်းသားငေါဝ်း
နိုဝင်ဘာ ၂၀၊၂၀၂၃
စစ်ကောင်စီအဆိပ်ငွေ့ဗုံး အသုံးပြုမှုရှိနေပြီး နိုင်ငံတကာစစ်ရာဇဝတ်မှုကျူးလွန်နေသည်ကို နိုင်ငံတကာက ဝိုင်းဝန်းအရေးယူပေးရန် TNLA ကထုတ်ပြန်တောင်းဆိုထားပါသည်။
စစ်ကောင်စီသည် နိုင်ငံတကာမှ တားမြစ်ပိတ်ပင်ထားသည့် ဓာတုဗေမလက်နက်အဆိပ်ငွေ့ဗုံး အသုံးပြုမှုရှိနေပြီး နိုင်ငံတကာစစ်ရာဇဝတ်မှုကျူးလွန်နေသည်ကို အိမ်နီးချင်းနိုင်ငံများ နှင့် နိုင်ငံတကာအသိုင်းအဝိုင်းများ ဝိုင်းဝန်းအရေးယူပေးရန် နိုဝင်ဘာ ၁၉ ရက်နေ့မှာ TNLA မှ သတင်းထုတ်ပြန်လိုက်ကြောင်းသိရသည်။
ရှမ်းမြောက် နမ့်ခမ်းမြို့ရှိ စစ်ကောင်စီ၏ စခန်းသစ်လက်နက်ကြီးကုန်းအား TNLA မှသိမ်းပိုက်ထားစဉ် နိုင်ဝင်ဘာလ ၁၈ ရက်နေ့တွင် စစ်ကောင်စီဘက်မှ အဆိပ်ငွေ့ဗုံးဖြင့် တိုက်ခိုင်ခဲ့သလို ပြီးခဲ့သည့် နိုဝင်ဘာလ ၄ ရက်နေ့တွင်လည်း လာရှိုးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း မိုင်းကျက်ကို TNLAက တိုက်ခိုင်ချိန်တွင် စစ်ကောင်စီမှ အဆိပ်ငွေ့ဗုံးဖြင့် ပြန်လည်တိုက်ခိုက်ကြောင်း TNLA ၏ထုတ်ပြန်ချက်အရ သိရသည်။
“နိုင်ငံတကာအသိုင်းအဝိုင်းများ စစ်ရာဇဝတ်မှု၊ နိုင်ငံတကာရာဇဝတ်မှုများကျူးလွန်နေသည့် စစ်ကောင်စီအား အရေးယူပေးပါရန်နှင့် မြန်မာပြည်သူလူထုများအား ဝိုင်းဝန်းစောင့်ရှောက်ပေးပါရန် ” ဟု TNLA ကထုတ်ပြန် ပြောဆိုထားသည်။
လက်ရှိ စစ်ကောင်စီသည် TNLA ကို ပစ်မှတ်ထားပြီး တိုက်ခိုက်သည့်အပြင် ပြည်သူလူထု နေထိုင်ရာအရပ်များကိုလည်း နိုင်ငံတကာမှ တားမြစ်ထားသည့် ဓာတုဗေဓလက်နက်အဆိပ်ငွေ့ဗုံးဖြင့် တိုက်ခိုက်မှုများရှိနေပြီး နိုင်ငံတကာစစ်ရာဇဝတ်မှုကျူးလွန်နေကြောင်း ဆိုသည်။
ထိုအဆိပ်ငွေ့ရှုမိသည့် TNLA ရဲဘော်အချို့သည် ထိခိုက်ဒဏ်ရာမရှိဘဲ ‌မူးဝေခြင်း၊ အသက်ရှုချိန်မြန်ဆန်ခြင်း၊ မအီမသာခံစားရခြင်း၊ စိတ်လှုပ်ရှားမြန်ခြင်းနှင့် မောပန်းခြင်း၊ အောက်စီဂျင်ကျခြင်းများ ပြင်းထန်စွာခံစားရကြောင်း‌ ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *