ခမ်းသားငေါဝ်း
နိုဝင်ဘာ ၂၀၊၂၀၂၃
စစ်ကောင်စီလက်အောက်ခံ အကျဉ်းဦးစီးစခန်းကို သိမ်းပိုက်ပြီး လက်နက်ခဲယမ်း အမြောက်အများသိမ်းဆည်းရရှိကြောင်း တအောင်းတပ်မတော် TNLA မှ ယနေ့ နိုဝင်ဘာ ၂၀ ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိ
အကျဉ်းဦးစီးစခန်း ၄ ခုကို TNLAနှင့် MDY PDF ပူးပေါင်းတပ်ဖွဲ့တို့မှ နိုဝင်ဘာ ၁၉ ရက်နေ့တွင်ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
လွင်ကြီး အကျဉ်းဦးစီးစခန်း၊ ကျုအင်း အကျဥ်းဦးစီးစခန်း၊ ခိုဟို အကျဥ်းဦးစီးစခန်း၊ ကုန်းစံ အကျဥ်းဦးစီးစခန်း အကျဉ်းစခန်း (၄) ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
လက်နက်ခဲယမ်းများတွင် MA-11 (၅၀) လက်၊ MA-12 (၉) လက်၊ MA-5 (၁၃) လက်၊ Shot Gun (၃၂) လက်၊ 5.56 ကျည် (၈၂၄၅၈) တောင့်၊ 9 MM (၅၁၁) တောင့်၊ 12 Bolt ကျည် (၁၅၉၂) တောင့် အပါအဝင် ဆက်စပ်စစ်သုံးပစ္စည်းများ သိမ်းဆည်းရမိကြောင်း ဖော်ပြထားပါသည်။
လက်ရှိတွင် (၁၀၂၇ စစ်ဆင်ရေး) အဖြစ်
ရှမ်းမြောက်မဟာမိတ်ညီနောင် ၃ ဖွဲ့သည် စစ်ကောင်စီ နှင့် တိုက်ပွဲများဖြစ်ပွါးနေပြီး ကရင်နီပြည်တွင်လည်း တော်လှန်းရေးတပ်ဖွဲ့များမှ (၁၁၁၁ စစ်ဆင်ရေး) အရှိန်တိုးမြှင့်လုပ်ဆောင်နေကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *