ခမ်းသားငေါဝ်း
နိုဝင်ဘာ ၂၂၊၂၀၂၃
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်၊ ၁၀၅မိုင်အုပ်စု၊ အောက်နမ့်ဟွယ်ကျေးရွာ ဇေယျမဂ်လာ ဘုန်းကြီး ကျောင်းအတွင်း စစ်ကောင်စီပစ်ခတ် သည့်လက်နက်ကြီးကျရောက်ပါက်ကွဲပြီး ကိုရင်တစ်ပါး ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း Ta’ang Women’s Organization က ထုတ်ပြန်ထားပါသည်။
နိုဝင်ဘာ၂၂ရက် မနက်ပိုင်း ၁၁ နာရီအချိန်တွင် ဖြစ်ပွားခဲ့ပြီး ၁၀၅ မိုင်ဗျူဟာကုန်းမှ ပစ်ခတ်လာ သော လက်နက်ကြီးဖြစ်ကြောင်းသိရသည်။
ကိုရင်လေးတစ်ပါးပြင်းထန်စွာဒဏ်ရာရရှိသည့်အပြင် ဘုန်းကြီးကျောင်းဆောင် ၊ဓမ္မာရုံတစ်ချို့နှင့် ကားတစ်စီးလည်း လက်နက်ကြီးပေါက်ကွဲထိမှန်ပြီး ပျက်စီးခဲ့ကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရရှိသော ကိုရင်တစ်ပါးကို ပါရမီလှုမှုကူညီ ရေးအသင်းမှ မူဆယ်မြို့ ဆေးရုံသို့ ပို့ဆောင် ပေးခဲ့ကြောင်းသိရသည်။
ယခုဖြစ်စဉ်သည် လက်နက်ကိုင်အဖွဲ့များက စစ်ကောင်စီကို ဒရုန်းဖြင့် ဝင်ရောက်တိုက်ခိုက်ပြီး စစ်ကောင်စီဖက်မှ ပြန်လည်ပစ်ခတ်ခဲ့သော လက်နက်ကြီးဖြစ်ကြောင်း TWU က ထုတ်ပြန်ထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *