ခမ်းသားငေါဝ်း
နိုဝင်ဘာ ၂၃၊၂၀၂၃
MNDAA သည် ကိုးကန့်ရင့်ရှင့်နေရာရှိ စစ်ကောင်စီတပ်စခန်း(၂)ခုကို နိုဝင်ဘာ(၂၂)ရက်နေ့တွင် ထပ်မံသိမ်းပိုက်ရရှိကြောင်း MNDAAက ယနေ့နိုဝင်ဘာလ (၂၃)ရက်နေ့တွင်ထုတ်ပြန်ထားပါသည်။
ရှမ်းမြောက် ကိုးကန့်ရင့်ရှင့်နေရာရှိ စစ်ကောင်စီတပ်စခန်း(၂)ခုကို ယမန်နေ့ နိုဝင်ဘာလ(၂၂)ရက်နေ့၌ MNDAAက ထပ်မံသိမ်းပိုက်ရရှိပြီး စစ်ကောင်စီတပ်စခန်းစုစုပေါင်း(၁၆၄)ခု သိမ်းပိုက်ရရှိခဲ့ပြီဖြစ်ကြောင်း ဆိုထားပါသည်။
ကိုးကန့်တုန်းရှမ်းဒေသ ရင့်ရှင့်အနောက်‌တောင်ကုန်း ရာပါးချင့်တွင် ရှိသည့်စစ်ကောင်စီတပ်စခန်းကို ယမန်နေ့နံနက် (၇)နာရီခွဲအချိန်တွင် MNDAAက လက်နက်ကြီးများဖြင့် ပစ်ကူထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ (၈း၀၆)နာရီအချိန်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း ဆိုထားပါသည်။
ရင့်ရှင့်တပ်စခန်း၏ တစ်ဘက်ခြမ်း ဟုန်အိုင်ထုံးနေရာရှိစစ်ကောင်စီတပ်စခန်းကို နေ့လည်(၁၂)နာရီအချိန်တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ (၁၂း၃၀)နာရီတွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
MNDAA သည် ဒေသလုံခြုံရေးတပ်ဖွဲ့နှင့် ပူးတွဲပြီးရှင်းဝမ်းဒေသ၊ လောက်ကောင်ကျိုင့်မှ မန်ကန်ရွာကြား နံနက်(၉း၃၀)နာရီအချိန်တွင် ဖြတ်သန်းလာသောစစ်ကောင်စီတပ်ဖွဲ့ဝင် (၁၅)ယောက်အား ကြားဖြတ်ဝင်တိုက်ခိုက်ကာ စစ်ကောင်စီတပ်သား (၉)ယောက်ကိုချေမှုန်းနိုင်ပြီး အခြားသူများထွက်ပြေးလွတ်မြောက်ကြောင်း လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရမိကြောင်း MNDAA ကထုတ်ပြန်ထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *