ခမ်းသားငေါဝ်း
နိုဝင်ဘာ ၁၇၊၂၀၂၃
ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြို့နှင့်အနီးပတ်ဝန်းကျင်တွင် နေ့စဉ်နှင့်အမျှတိုက်ပွဲဖြစ်ပွားနေ သောကြောင့် စစ်ပြေး၊ စစ်ဘေးရှောင်များအနေဖြင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ၏ အခြေပြုဒေသတွင် လာရောက်ခိုလုံနိုင်ကြောင်း ယနေ့နိုဝင်ဘာ ၁၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ကရင်နီပြည်ရှိ မည်သည့်ဘက်မပါသည့် လက်နက်မဲ့၊အပြစ်မဲ့ တိုင်းရင်းသားပြည်သူအများအပြားသည် ရှမ်းပြည်ဘက်တွင် စစ်ဘေးတိမ်းရှောင်နေရသည်ကို တွေ့ရှိရသဖြင့် ကူညီသွားမည် ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ကူညီဖို့က လူဦးရေကန့်သတ်ထားတာတော့မရှိဘူး။ တိုက်ပွဲက လူထုနဲ့မဆိုင်ဘူး။ ကယ်ရမှာဘဲ ဒီမှာကတော့ လူသားချင်းစာနာထောက်ထားမှုနဲ့ ကူညီရမှာဘဲ လာသမျှကူညီနိုင်အောင် လုပ်ပေးရမှာပေါ့”ဟု PNLO၏ ဗဟိုဒေသန္တရအုပ်ချုပ်ရေးဌာန၊ ဌာနမှူးကြီး ဒု ဗိုလ်မှူးကြီးခွန်အာဠာရက ခမ်းသားငေါဝ်းကိုပြောသည်။
ရောက်လာသည့် စစ်ပြေး၊ စစ်ရှောင်များကို လုံခြုံရေး စားဝတ်နေရေး လူသားချင်းစာနာ
ထောက်ထားမှုဆိုင်ရာ အကူညီများကို NCAပါပြဌာန်းချက်များနှင့် အညီအတတ်နိုင်ဆုံးရှောင်ကြဉ်
နိုင်ရန်သက်ဆိုင်ရာ ပုဂ္ဂိုလ်များဖြင့် “ကူညီကယ်ဆယ်ရေး” အဖွဲ့ကို ဖွဲ့စည်းတာဝန်ခန့်အပ်ထားကြောင်း ဖော်ပြထားသည်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အလေးထား ၍ ဒေသခံပအိုဝ်းမိဘပြည်သူများအနေနှင့်လည်း မိမိတို့ဒေသသို့ ရောက်ရှိလာသော စစ်ပြေး၊ စစ်ရှောင်များအား တတ်အားသမျှဝိုင်းဝန်းကူညီပေးကြပါရန်တွန်နိုးဆော်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *