ခမ်းသားငေါဝ်း
နိုဝင်ဘာ ၁၈၊၂၀၂၃
လွိုင်ကော်နှင့်အနီးပတ်ဝန်းကျင် ယခုရက်ပိုင်းဖြစ်ပွားသည့်တိုက်ပွဲတွင် စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်း ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူထိခိုက်သေဆုံးမှု ၅၀ ဦးအထိရှိကြောင်း KHAI က ‌ယ‌နေ့ နိုဝင်ဘာ ၁၈ ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။
ကယား(ကရင်နီ)ပြည်အတွင်း နိုဝင်ဘာလ ၁၁ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု နှင့် စစ်ကောင်စီတပ်အကြား ဖြစ်ပွားသည့်တိုက်ပွဲတွင် စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်း ပစ်ခတ်မှုကြောင့် ပြည်သူများထိခိုက်သေဆုံးမှု ၅၀ ဦး အထိရှိကြောင်း KHAI က ဆိုထားပါသည်။
ကရင်နီလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့(KHAI)မှ ပြုစုသည့်အချက်အလက်များအရ လက်နက်ကြီးကြောင့်ထိခိုက်သေဆုံးရသူ (၂၆)ယောက်၊ လေကြောင်းတိုက်ခိုက်မှုကြောင်း ထိခိုက်သေဆုံးရသူ(၁၇) ယောက် နှင့် ပစ်ခတ်သတ်ဖြတ်ခြင်း ခံရသူ ( ၇) ယောက် စုစုပေါင်း (၅၀)ဦး ရှိပြီဖြစ်ကြောင်း ဖော်ပြထားပါသည်။
အဆိုပါ ထိခိုက်သေဆုံးရသည့် အရပ်သားပြည်သူများတွင် အမျိုးသား (၂၆)ဦး ၊ အမျိုးသမီး (၁၂) ဦး ၊ အသက်မပြည့်သေးသည့် ကလေးငယ် (၆)ဦး နှင့် အမည်နှင့်အသက် အတည်မပြုနိုင်သူ (၆)ဦးအထိရှိသည် ဟု သိရသည်။
အရပ်သားပြည်သူများ ထိခိုက်သေဆုံးရမှု အများစုသည် လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ထိခိုက်သေဆုံးရခြင်းဖြစ်ပြီး (၄၃)ဦး အထိရှိကြောင်း သိရသည်။
ယခု KHAI မှ ကောက်ယူရရှိသည့် ကရင်နီအရပ်သားပြည်သူများ၏ ထိခိုက်သေဆုံးမှုအချက်အလက်များကို အနီးစပ်ဆုံး သုသေတနပြုထားခြင်းဖြစ်ပြီ မြေပြင်တွင် ထိခိုက်မှု နေ့စဥ်နှင့်အမျှ တိုးလာနိုင်သည် ဟု ထုတ်ပြန်ချက်တွင် ပါရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *