ခမ်းသားငေါဝ်း
နိုဝင်ဘာ ၂၀၊၂၀၂၃
ရှမ်းပြည်နည်တောင်ပိုင်း ပင်လောင်းမြို့နယ် နန်းတုပ်ကျေးရွာအုပ်စု၊ ကုန်းသာကျေးရွာတွင် ထပ်မံရောက်လာသည့် စစ်ရှောင်များသည် နေရာထိုင်ခင်းမရှိသဖြင့် မြေပြင်ပေါ်တွင် အိပ်နေရ ကြောင်းသိရသည်။
အဆိုပါ စစ်ရှောင်များသည် ကုန်းသာဘုန်ကြီး ကျောင်းအောက် အကာအခင်းမရှိမြေပေါ်တွင် အိပ်နေရပြီး စောင်များလည်း လုံလုံလောက်လောက်မရှိ ကြောင်း သိရသည်။
“ခုရက်ပိုင်းက မိုးကရွာသေးတယ်။အကာမပါတော့ တော်တော်ကိုအဆင်မပြေဖြစ်တယ်။စောင်လဲ စောင်အပါးတွေနဲ့ပဲ။ မသန်စွမ်းကလေးတောင်မှ မနေ့ညက အေးလို့ တက်တောင်တက်သေးတယ်။အေးတော့ မသန်စွမ်းကလေးက မခံနိုင်ဘူး”ဟု စစ်ရှောင် အရေး ကူညီနေသူတစ်ဦးက ပြောသည်။
နေရာထိုင်ခင်း၊စောင်နှင့် အဝတ်အထည်များ အရေးပေါ် လိုအပ်နေသည့်အပြင် စားရေး သောက်ရေးများလည်း အရေးပေါ် လိုအပ်နေကြောင်းသိရသည်။
“အဲစခန်းက တော်တော်လေး လိုအပ်နေပါတယ်။စစ်ရှောင်လည်း ရုတ်တရက်များလာတော့ စားဖို့ သောက်ဖို့ မလုံလောက်ဘူး။ ခုက ရွာထဲလူ ပေးလှူတာနဲ့ ရွာသူကြီးကပဲ အဓိက လိုက်အလှူခံပြီးဖြေရှင်းပေးနေရတယ်။တော်တော်ကို လိုအပ်နေတဲ့စခန်းပါ”ဟု အဆိုပါ စစ်ရှောင်ကူညီသူက ထပ်မံပြောပါသည်။
အဆိုပါ စစ်ရှောင်စခန်းတွင် စစ်ရှောင်အသစ် ထပ်မံ ရောက်လာသူ ၄၂၀ ဦးရှိပြီး ယခင်စစ်ရှောင်များ ၁၈၅ ဦးရှိကာ စုစုပေါင်း ၆၀၀ ကျော် ရှိကြောင်းသိရသည်။
ယခုပင်လောင်းမြို့နယ်တွင် စစ်ရှောင်အများစုသည် နမ်းဖာမူ၊ဗန်းမောက်၊သစ်ပင်ကောက်၊မိုးဦး၊လွယ်ဖြီ၊ကုန်းသာ၊ဝါးလီး၊ပင်ခွန်နှင့် ပင်လောင်းမြို့ပေါ်ရှိဘုန်းကြီးကျောင်းတွင် အများဆုံးဖြစ်ပြီး စုစုပေါင်းစစ်‌ရှောင်လှုဦး ရေ (၅၀၀၀) ငါးထောင်ထက်မနည်းရှိကာ ထပ်မံရောက်ရှိလာရန်လည်း ရှိကြောင်း သိရသည်။

You missed