ခမ်းသားငေါဝ်း
နိုဝင်ဘာ ၁၅၊၂၀၂၃
ကယား (ကရင်နီ)ပြည် လွိုင်ကော်အနီးတဝိုက်တွင် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုံအဖွဲ့နှင့် စစ်ကောင်စီတပ် အပြင်းအထန်ဖြစ်ပွားပြီးနောက် လွိုင်ကော်အတွင်း ပြည်သူအများအပြားနှင့် Non CDM များ ပိတ်မိနေကြောင်း ဒေသခံများထံမှ သိရသည်။
လွိုင်ကော်တက္ကသိုလ်မှ Non CDM ဝန်ထမ်းများကို ကရင်နီ တော်လှန်ရေးတပ်ပေါင်းစုမှ ဘေးလွတ်ရာသို့ ရွေ့ပြောင်းပေးနိုင်ခဲ့ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်သည်။
၁၁၁၁ စစ်ဆင်ရေး စတင်ချိန်တွင် လွိုင်ကော်တက္ကသိုလ်မှ Non CDM ဝန်ထမ်း ( ၁၃၄) ဦးနှင့် မိသားစုဝင် ( ၆၄) ဦးအား ကရင်နီပြည်တော်လှန်ရေးတပ်ပေါင်းစုမှ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ဘေးလွတ်ရာသို့ ကယ်တင်ပို့ဆောင်ပေးထားကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ထားသည်။
အဆိုပါ Non CDM ဝန်ထမ်းများကို လူသားချင်းစာနာထောက်ထားရေး ၊ လူ့အခွင့်အရေး နှင့်အညီ ပြည်ထဲရေးဌာန၏ စီမံကြီးကြပ်ရေးဖြင့် ဘေးကင်းလုံခြုံစွာ စောင့်ရှောက်ထားကြောင်း ဆိုထားသည်။
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ ကောင်စီ (NUCC)၏ CDM နိုင်ငံ့ဝန်ထမ်းဆိုင်ရာမူဝါဒစာတမ်းကို အခြေခံပြီး ထိုပြဌာန်းချက်အတိုင်းဖြစ်စေ၊ လူ့အခွင့်အရေးကိုအခြေခံသည်ဖြစ်စေ ဆက်လတ်စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *