ခမ်းသားငေါဝ်း
နိုဝင်ဘာ ၁၅၊၂၀၂၃
ကရင်နီပြည် လွိုင်ကော်တိုက်ပွဲအတွင်း ပိတ်မိနေသောစစ်ရှောင်များအား ကူညီကယ်ထုတ်နေစဉ် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် စစ်ရှောင်များရှိရာ ကို လိုက်လံပစ်ခတ်ခဲ့ကြောင်း ကရင်နီလူသားစာနာထောက်ထားမှုကူညီရေးအသင်းထံမှ သိရသည်။
ယနေ့ နိုဝင်ဘာလ ၁၅ ရက်တွင် KHAI အပါအဝင် မိတ်ဖက်များသည် လွိုင်ကော်မြို့တွင်းရှိ ပိတ်မိနေသည့် စစ်ရှောင်များကို ကူညီကယ်ထုတ်နေစဉ် စစ်ကောင်စီ‌တပ်သည် ကယ်ထုတ်သူများ နှင့် စစ်ရှောင်များအား လေယာဉ်ဖြင့် လိုက်လံပစ်ခတ်ခဲ့ကြောင်း ဆိုထားပါသည်။
“ ဖြစ်တာက လွိုင်ကော်မြို့မှ စစ်ရှောင်များအား မိမိတို့ KHAI နှင့် မဟာမိတ်အဖွဲ့အစည်းများက ကူညီကယ်တင်ပြီး သွားလာနေချိန် စစ်ရှောင်ပြည်သူမှန်းသိသိတာကို လေယာဉ်နဲ့ တိုက်ခိုက်ခဲ့တယ်ဟု” KHAI မှ ဆိုထားပါသည်။
ကင်းထောက်လေယာဉ်များဖြင့် ပျံသန်းပြီနောက် တိုက်လေယာဉ်များဖြင့် ဝေဟင်းမှ လိုက်လံ ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ပိတ်မိနေသောစစ်ရှောင်များအနေဖြင့် လွိုင်ကော်မြို့မှ ထွက်ခွါမည်ဆိုပါက နံနက်စောစော အချိန် နှင့် တိုက်ပွဲမဖြစ်ချိန်တွင် ဦးစားပေးထွက်ခွါကြရန် KHAI လူသားချင်းစာနာထောက်ထားရေး ကူညီမှုအသင်းက အကြံပြုထားပါသည်။
ပုံက KHAI ကရင်နီလူသားချင်းစာနာထောက်ထားရေး ကူညီရေးအဖွဲ့။

Leave a Reply

Your email address will not be published. Required fields are marked *