ခမ်းသားငေါဝ်း
နိုဝင်ဘာ ၇၊၂၀၂၃
အောင်ပန်း- တောင်ကြီးလမ်းပေါ်တွင် ဆိုင်ကယ်မောင်းနှင်သူနှစ်ဦး ဆိုင်ကယ်တိမ်းမှောက်ပြီး အဆိုပါနေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း အောင်ပန်းနာရေးကူညီမှုအသင်းထံမှ သိရပါသည်။
နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် အောင်ပန်း- တောင်ကြီးလမ်း happy city အကျော် ပညာရေး (၃)ထပ်ဂိတ်ရှေ့အနီးရှိ ဓာတ်မီးတိုင်ကို အမည်မသိ ဆိုင်ကယ်မောင်းနှင်လာသူနှစ်ဦးက ဝင်တိုက်ပြီး အခင်းဖြစ်ပွားရာနေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။
သေဆုံးသူ၏ မိသားစုဝင်များနှင့် အဆက်သွယ်မရသေးကြောင်းနှင့် သေဆုံးသူ၏ ရုပ်အလောင်းအား အောင်ပန်းဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်းပြောဆိုသည်။
” အခုထိဘယ်သူဘယ်ဝါ မှန်းလဲမသိရသေးဘူး၊မိသားစုနှင့်လည်း အဆက်သွယ်မရသေးဘူး၊ စုံစမ်းနေဆဲပါပဲ၊ ဖြစ်တာက ညကတည်းကဖြစ်ဖို့များတယ် မနက်မှတာဝန်သိ ပြည်သူတစ်ယောက်က ကျနော်တို့ကိုဖုန်းဆက်မှ ၅ နာရီခွဲလောက်လာကူညီပေးရတာ အခုတော့ အောင်ပန်းဆေးရုံရင်ခွဲရုံကိုပို့ထားပေးတယ်”ဟု အောင်ပန်းနာမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
ယာဥ်မောင်းများအား မသောက်စားပဲ အချိန်ဖြေးညင်းစွာမောင်းနှင်ကြပါရန်လည်း ယခုလို တိုက်တွန်းထားသည်။
“အများစုကတော့ သောက်စားပြီးမူးပြီးမှ မောင်းတာများတယ်၊အဲဒီတော့ အချိန်မထိန်းနိုင်ကြတော့ဘူး၊ အဲတော့ ပြောချင်တာက အချိန်လျော့မောင်းကြဖို့နဲ့ မသောက်စားပဲမောင်းကြဖို့မှာချင်ပါတယ်။”ဟု ၄င်းက ဆက်ပြောထားသည်။
အောက်တိုဘာလအတွင်း အောင်ပန်းတွင်ယာဥ်တိုက်မှုကြီး ၅ မှုခန့်ရှိနေပြီး ကျန်သည့်သေဆုံးမှုမရှိသည့် ယာဥ်တိုက်မှုငယ်များမှာ အများပြားရှိနေကြောင်း အောင်ပန်းနာရေးကူညီမှုအသက်း၏ တာဝန်ရှိသူတစ်ဦးက ပြောဆိုပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *