ခမ်းသားငေါဝ်း
နိုဝင်ဘာ ၅၊ ၂၀၂၃
အင်းလေးဒေသ အင်းပေါခုံရွာအတွင်း ဒေသခံများထံမှကြေးငွေကိုလိမ်လည်ပြီးထွက်ပြေးနေသည့် ကိုဇင်မင်းထွန်းလင်မယား သည်လက်ရှိမွန်ပြည်နယ် မော်လမြိုင်မြို့ သံဖြူဇရပ်တွင်ရောက်ရှိနေထိုင်နေကြောင်း သိရသည်။
ထိုသူမိသားစု လွတ်လပ်စွာသွားလာနေထိုင်နိုင်ရန် ယင်းဒေသရှိဌာနများ၏ စခန်းမှူး၊ မြို့နယ်မှူးများကိုပိုက်ဆံနှင့်လိုက်ကန်တော့ခြင်းလာဘ်ထိုးခြင်းများပြုလုပ်နေကြောင်းသတင်းရင်းမြစ်ကပြောသည်။
“ကျွန်တော်တို့ဒီမှာခေါ်တာကဇင်မင်းလို့ခေါ်တယ်။ ဒီလူက ကုတ်ဆွဲပြီးဖမ်းလို့တော့မရဘူး။ သူက လူကြီးတွေ စခန်းမှူးတို့ မြို့နယ်မှူးတို့ကို တမင်ပေးကမ်းထား ကန္တော့ထားတာ၊ လာဘ်ထိုးတာအဲ့လိုဖြစ်နေတယ်။ ခုချိန်အာဏာပိုင်တွေက ဝိတ်ရှိတော့ သူကလာဘ်ထိုးပစ်တာအဲ့လိုမျိုး၊ဘောစိပုံစံနဲ့ပေါ်ပေါ်တင်တင်ဘဲ”ဟုတရားခံဇင်မင်းထွန်းနှင့်နီးစပ်သူတစ်ဦးက ခမ်းသားငေါဝ်း ကိုပြောသည်။
ကိုဇင်မင်းထွန်းသည်မွန်ပြည်နယ်ဘမော်လမြိုင်မြို့ သံဖြူဇရပ်ဇာတိဖြစ်ပြီး မိသားစုတွင်ဖခင်လုပ်သူက ချဲဒိုင်၊ ယိုးဒယားထီ 2D၊3Dကိုရောင်းခဲ့ဖူးကာ 2D 3Dပေါက်သူများကိုလျော်ကြေးမပေးဘဲ ၇ နှစ်ကြာထွက်ပြေခဲ့ဖူးသောလူလိမ်ဖြစ် ကြောင်းလည်း ၎င်းကဆက်ပြောသည်။
ဇင်မင်းထွန်းဆိုသူသည်ယခင်၌ ဖုန်းဆိုင်ဖွင့်ထားခဲ့ဖူးပြီး ယင်းအချိန်သည်သာ အင်းလေးဒေသ အင်းပေါခုံရွာသူ မနွယ်ရီစိုး နှင့် အိမ်ထောင်ကြခဲ့ကြောင်းသိရသည်။
သူလင်မယားသည် ရန်ကုန်မြို့တွင် လုပ်ငန်းစဉ်ဆောင်ရွက်ရန်ဟုဆိုကာ ယခင်၂၀၂၁ ခုနှစ်စတင်၍၂၀၂၃ ခု နှစ်စပိုင်းအထိ အင်းဒေသခံများငွေကြေး ကျပ်သိန်းပေါင်း ၁ သိန်း ၄ သောင်းခန့်ကိုလိမ်လည်ပြီးထွက်ပြေး ခဲ့သည်။
အင်းလေးဒေသခံများထံမှငွေကြေးလိမ်လည်ထွက်ပြေး သည်မှာ ယခုနှစ်၂ ပိုင်းမှစတင်၍ယခုချိန်ထိ ပြန်လည်ပြီး ဖြေရှင်းမှု တစ်စုံတရာမပြုလုပ်ပေးခဲ့သေးကြောင်း ငွေလိမ်ခံရသည့်အင်းဒေခံသများပြောပြချက်အရသိရသည်။
“ကျွန်တော်ကတော့ ငွေကပြန်ရချင်တာပေါ့။ ပါသွားတာကျွန်တော်တို့ရွာလူဦးရေတော့ အများကြီးပဲ။ ကျွန်တော်က ၁၇၇ သိန်းလောက်ပါသွားတယ်။ လူတွေတော့အကုန်လုံးသူ့ပိုက်ဆံကိုယ့်ဆံပြန်လိုချင်တာပေါ့၊ အဲ့ဒါသူပြန်တာကိုပဲစောင့်နေကြတယ်၊ပြန်ရှင်းပေးမလားလို့ စောင့်နေတာ”ဟုငွေလိမ်ခံပါသွားသူအင်းဒေသခံဦးသန်းထွန်းကပြောသည်။
မိသားစုပေါင်းထည့်သည့်ကျပ်ငွေသိန်းသုံးရာပါသွားသော ဒေါ်မာလာတို့မိသားစုက” အဲ့ဒါတော့ကိုယ့်ပိုက်ဆံအလိမ်ခံထဲပါသွားတာပဲ။ မိသားစုမောင်နှမတွေပေါ့ ဆွေမျိုးတစ်စု တစ်ယောက်ကို ငါးသိန်း၊ဆယ်သိန်းအဲ့လိုစုပြီးထည့်တာ သုံးရာပါသွားတယ်ရှင့်။ တစ်ယောက်ထဲတော့မဟုတ်ဘူးပေါ့၊ ဖြစ်နိုင်ရင်တော့ ပြန်လိုချင်တာပေါ့ ကိုယ့်ချွေးနဲစာနဲ့ရှာရတာဆိုတော့ဟိုဟာ နည်းနည်းအပိုအလျှံလေးသုံးရမလားပေါ့ လိမ်မှန်းသိရင်ဘယ်ထည့်မှာတုန်း”ဟုဆိုသည်။
အင်းလေး ဒေသခံများ၏ ငွေကြေးလိမ်လည်စဉ်၌ ငွေထည့်သောကိုယ်စားလှယ်များကိုငွေတစ်သိန်းအပ်သည့်သူကို အတိုး၂၃ ကျပ်၊ သိန်းတစ်ရာအထက်ကို အတိုး ၃၀ကျပ်၊ သိန်းတစ်ထောင်အ ထက်ကို အတိုး ၄၅ ကျပ်စသည်ပေးသလို ကျပ်ငွေသိန်းသုံးရာရှာကူနိုင်သူကို ရွှေတစ်ကျပ်သားနှင့် သိန်းတစ်ထောင်ရှာကူပေးနိုင်လျှင်ရွှေငါးကျပ်သားအပိုဆုချသည်ဟုလိမ်လည်ခဲ့သည်။
ဒေသခံများယုံကြည်မှုရှိရန် လူသိထင်ရှားမှုဖြစ်ရန်အတွက်အစပိုင်း၌ ပုံမှန်အတိုးပေးခဲ့ကြောင်း ဒေသခံများကပြောကြသည်။
ငွေကြေးကျပ်သိန်းပေါင်း ၁ သိန်းကျော်လိမ်လည်သွားသည့် ကိုဇင်မင်းထွန်းသည် ၎င်းလိမ်လည် ၍ရထားသည့်ငွေများဖြင့်ရောဘာခြံကို များစွာဝယ်ထားသလို ဖခင်ဖြစ်သူ အစ်ကိုဖြစ်သူနှင့် မိသားစုများတွက်လည်မြေကွက်များ အသုံးအဆောင် ကားများစသည် ဝယ်ယူပေးထားမှုရှိနေသည်ဟုစုံစမ်းသိရသည်။
ဇင်မင်းထွန်း၏ လုပ်ရပ်ကိုအင်းဒေသခံများအနေနှင့် ဖြေရှင်းမှုလိုအပ်နေသလို ယခုသူရောက်နေသည့် မွန်ပြည်နယ် သံဖြူဇရပ်ဘက်က ဒေသခံတချို့လည်း နေပြည်တော်ထိတရားစွဲဆိုစေချင်ကြောင်း၊ဖမ်းဝရမ်းထုတ်စေချင်ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *