ခမ်းသားငေါဝ်း
နိုဝင်ဘာ ၈၊၂၀၂၃
မိုးဗြဲမြို့တွင် စစ်ကောင်စီဖမ်းဆီးခဲ့သည့် လူငယ် ၅ ဦးအနက် လူငယ်တစ်ဦးပြန်လည်လွတ် မြှောက်လာ သော်လည်း နေအိမ်ပြန်ခွင့်မရကြောင်း နီးစပ်သူတစ်ဦးထံမှ သိရသည်။
ရှမ်း-ကယား(ကရင်နီ)ပြည်နယ်စပ် မိုးဗြဲမြို့တွင် စစ်ကောင်စီဖမ်းဆီးခဲ့သည့် လူငယ် ၅ ဦးအနက် နိုဝင်ဘာလ ၄ ရက်နေ့တွင် လူငယ်တစ်ဦးပြန်လည်လွတ် မြှောက်လာကြောင်း နီးစပ်သူဒေသခံတစ်ဦးပြောပြချက်အရ သိရသည်။
စစ်ကောင်စီက ဖမ်းဆီး‌ခေါ်ဆောင်ခဲ့သည့် လူငယ် ၅ ဦးကို ပိုက်ဆံဖြင့်လာရွေးခိုင်းခဲ့ကြောင်း သိရသည်။
“သိန်း၈၀ ပေးလိုက်ရတယ်။ သူတို့က ပိုက်ဆံလိုချင်လို့ညစ်နေတာ။ ထမင်းလည်းပုံမှန်မစားရဘူး။ဖမ်းသွားတဲ့နေ့ကတည်းက ထွက်လာတဲ့‌နေ့အထိ မျက်စိအုပ်ထားတယ်လို့ပြောတယ်”ဟု နီးစပ်သူ‌ဒေသခံတစ်ဦးက ပြော။သည်။
အဆိုပါ လွတ်မြှောက်လာသူတစ်ဦးကို နေအိမ်သို့‌ ပြန်နေခွင့်မရှိကြောင်း သိရသည်။
“‌သူ့ကိုအိမ်မပြန်နေခိုင်းဘူး။ ငွေ‌ပေးရတဲ့အကြောင်းပြောရင် သတ်ပစ်မယ်လို့ သူတို့ကပြောတယ်။ အခုလည်းနေပြည်တော်မှာ ဆေးကုနေရတယ်”ဟု အဆိုပါ နီးစပါသူက ဆက်ပြောသည်။
စက်တင်ဘာလ ၁၆ ရက်‌နေ့တွင် စစ်ကောင်စီက လူမှုကွန်ယက်မှ တစ်ဆင့်လူငယ် ၅ ဦးအား ခိုင်လုံ သည့်အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးခေါ် ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *