ခမ်းသားငေါဝ်း
နိုဝင်ဘာ ၉၊၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံ-မိုးဗြဲကားလမ်းပေါ်တွင် ဓားပြတိုက်မှု ဆက်တိုက်ဖြစ်ပွား နေကြောင်း ဖယ်ခုံဒေသခံတစ်ဦး ပြောပြချက်အရ သိရသည်။
ဓားပြတိုက်သူများသည် ဒေသခံများ၏ ကားများ၊ဆိုင်ကယ်များကို တားပြီး ဖုန်း၊ ဆိုင်ကယ်၊ ရွှေ၊ ငွေများကို ဓားပြတိုက်ယူသွားသည်မှာ အကြိမ်များပြီ ဖြစ်ကြောင်း ပြောဆိုသည်။
“ဘယ်အဖွဲ့က ဆိုတာတော့ မသိဘူး ခုကလူတိုင်းလိုလိုလက်နက်ကိုင်ထားတော့ လုပ်ချင်သလို လုပ်နေကြတာ။ တစ်ယောက်နှစ်ယာက်ဆို မသွားရဲဘူး ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌”ဟု ဖယ်ခုံမြို့ဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၅ ရက်နေ့တွင်လည်း ဖယ်ခုံမြို့ပေါ်ကို စစ်ရှောင်နေသည့် မိုးဗြဲ ဒေသခံတစ်ဦးသည် မိုးဗြဲမြို့ရှိ နေအိမ်သို့ ပစ္စည်းပြန်လာယူစဉ် မိုးဗြဲ-ဖယ်ခုံလမ်းပေါ်တွင် ဓားမြတိုက်ခံရပြီး ဆိုင်ကယ်နှင့်ဖုန်းပါသွားခဲ့ကြောင်း သိရသည်။
” ကျွန်တော်တုန်းကဆို ဆိုင်ကယ်နဲ့ ဖုန်းပါသွားတယ် မပေးဘူးဆိုရင် ဒီမှာဘဲ ပစ်သတ်လိုက်မယ် ဘာလုပ်မယ် ဆိုပြီးခြိမ်း ခြောက်တယ် ဓားမြတိုက်တဲ့အဖွဲ့က ၁၀ ယောက် ကျော်ရှိတယ်”ဟု ကိုယ်တိုင်ကြုံ တွေ့သူတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
ဖယ်ခုံ-မိုးဗြဲလမ်းပေါ်တွင် တိုက်ပွဲများ မကြာခနဖြစ်ပွားနေပြီး လက်နက်ကိုင်ထားသည့်အဖွဲ့အစည်းများလည်းရှိနေကြောင်း သိရသည်။
ဖယ်ခုံ၊ မိုးဗြဲဒေသတွင် စစ်တပ်အာဏာသိမ်းပြီးနောက် ဒေသခံနေအိမ်များ ဖောက်ထွင်းခံရမှု၊ ဓားပြတိုက်ခံရမှု၊ လုယက်မှုများ ပေါ်ပေါ်ထင်ထင် ပြုလာလာကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *