ခမ်းသားငေါဝ်း
နိုဝင်ဘာ ၉၊၂၀၂၃
“၁၀၂၇စစ်ဆင်ရေး” စစ်‌ဆင်‌ရေးတွင် စစ်ရေးကို ယခုထက်ပိုမိုထိရောက်စေရန် ဟန်ချက်ညီညီဖြင့် လုပ်ဆောင်သွားမည်ဟု ညီနောင်မဟာမိတ်(၃)ဖွဲ့က နိုဝင်ဘာလ(၈)ရက်နေ့တွင် ထုတ်ပြန်ထားသည်။
မြောက်ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့ (MNDAA/TNLA/AA) တို့စတင်ခဲ့သော “၁၀၂၇စစ်ဆင်ရေး” သည် နိုဝင်ဘာလ(၈)ရက်နေ့၌ (၁၃)ရက်မြောက်နေ့ရှိပြီဖြစ်ပြီး စစ်ရေးကိုယခုထက်ပိုမိုထိရောက်စေရန် စစ်ဆင်ရေးတွင် ပါဝင်တိုက်ခိုက်ကြသော တော်လှန်ရေးအဖွဲ့အစည်းများနှင့် ဟန်ချက်ညီညီဖြင့် လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ထားသည်။
“၁၀၂၇စစ်ဆင်ရေး”အတွက် အထောက်အကူဖြစ်စေပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) သည်လည်း နိုဝင်ဘာလ(၇)ရက်နေ့၌ “၁၁၀၇စစ်ဆင်ရေး” ကို ကရင်နီပြည်နယ်ထဲတွင် စတင်ဖော်ဆောင်ခဲ့ကာ အခြာသော‌တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများနှင့်လည်း ဟန်ချက်ညီပူးတွဲစစ်ဆင်ရေးများကို မကြာမီအချိန်၌ တနိုင်ငံလုံးအနှံ့ဆက်လက်ဆင်နွဲသွားမည်ဖြစ်ကြောင်း ဆိုထားသည်။
စစ်ဆင်ရေးစတင်ခဲ့သည့် အောက်တိုဘာ(၂၇)ရက်နေ့မှစ၍ နိုဝင်ဘာလ(၈)ရက်နေ့အထိ (၁၃)ရက်ကာလအတွင်း သတ်မှတ်ထားသည့် မြို့များကို သိမ်းပိုက်ရရှိခဲ့ကြောင်း၊ သိမ်းပိုက်ရရှိခဲ့သောမြို့များကို ညီနောင်မဟာမိတ်(၃)ဖွဲ့ အနေဖြင့် အလုံးစုံထိန်းချုပ်နိုင်‌ပြီး မိမိတို့၏ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်ဖြင့် အပြီးသတ်အစားထိုးနိုင်ရန် ကြိုးစားလျက်ရှိကြောင်း ဖော်ပြထားပါသည်။
“၁၀၂၇စစ်ဆင်ရေး” (၁၃)ရက်မြောက်နေ့တွင် ညီနောင်မဟာမိတ်(၃)ဖွဲ့မှ သိမ်းပိုက်ရရှိခဲ့သော ပန်းဝါစခန်း၏ တောင်ဘက်ရှိ မာလီလင်စခန်းကိုလည်း ထပ်မံသိမ်းပိုက်ရရှိခဲ့ကြောင်း ညီနောင်မဟာမိတ် (၃)ဖွဲ့က ထုတ်ပြန်ထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *