ခမ်းသားငေါဝ်း၊
နိုဝင်ဘာ ၆၊ ၂၀၂၃
အမှတ် (၁) စစ်ဒေသ၊ ကောလင်းခရိုင် ကွတ်ကဲရေး အစီစဥ်ဖြင့် ကောလင်းမြို့ကို သိမ်းပိုက်ပြီး လက်နက်ခဲယမ်း အများပြားသိမ်းဆည်းရမိခဲ့ကြောင်းပြည်သူ့ကာကွယ်ရေး တပ်မတော် PDF ထုတ်ပြန်ချက်အရသိရသည်။
စစ်ကိုင်းတိုင်း၊ ကောလင်း ခရိုင်၊ ကောလင်းမြို့ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်နေ့က ပြည်သူ့ ကာကွယ်ရေးတပ်မတော် (PDF)နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ ကောလင်း မြို့ပေါ်ရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အခြေပြုထားသည့် ကောလင်းရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးရုံး ၊အထက်တန်း ကျောင်း၊ မြေစာရင်းရုံး၊ မြန်မာ့စီးပွားရေးဘဏ်တို့ကို အောင်မြင်စွာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်မျိုးစုံ ၅၄ လက်နှင့် ခဲယမ်းများ သိမ်းဆည်း ရမိခဲ့ကြောင်း သိရှိရသည်။
ယခုအခါ ကောလင်း မြို့ပေါ်၌ ပြည်သူ့တော်လှန်ရေးအလံတော် လွှင့်ထူထားပြီ ဟု အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။
ခရိုင်အဆင့်ကိုပထမဆုံးအကြိမ်အဖြစ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ထိုသို့စစ်ဆင်ရေးဆင်နဲဲပြီး စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရားရပ်တန့်သွားကာ ကောလင်းမြို့ကိုအောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့သည်ဟု ထုတ်ပြန်ချက် အရသိရ သည်။

Leave a Reply

Your email address will not be published. Required fields are marked *