ခမ်းသားငေါဝ်း
နိုဝင်ဘာ ၁၀၊ ၂၀၂၃
စစ်အာဏာရှင်တိုက်ဖျက်ရေးအရှိန်မြင့်တက်နေသော ယခုအချိန်ကာလတွင် အင်းအမျိုးသားနေ့ကျင်းပပြီး ပျော်ပွဲရွှင်ပွဲ များပြုလုပ်သည့်လုပ်ရပ်သည် အင်းသားလူမျိုးများ၏ ဂုဏ်သိက္ခာကိုညှိုးနွမ်းစေကြောင်း IWU က ထုတ်ပြန်ထားပါသည်။
မြန်မာနိုင်ငံရှိ တိုင်းရင်းသားပြည်သူများအကျပ်အတည်းရောက်နေချိန်တွင် ပျော်ပွဲ၊ ရွှင်ပွဲများပြုလုပ်ကာ မြူးတူးပျော်ပါးသည့် လုပ်ရပ်သည် အင်းသားလူမျိုးများ၏ ဂုဏ်သိက္ခာကိုညှိုးနွမ်းစေသည့်လုပ်ရပ်ဖြစ်ကြောင်း အင်းလေးအမျိုးသမီးသမဂ္ဂမှ နိုဝင်ဘာလ ၉ ရက်တွင် အင်းသားအမျိုးသားနေ့တွင် ထုတ်ပြန်ပြောဆိုလိုက်သည်။
“အတုအယောင်ရွေးကောက်ပွဲကျင်းပနိုင်ရေးလုပ်ငန်းစဉ်တွင် အင်းအမျိုးသားအဖွဲ့ချုပ်၏ အင်းအမျိုးသားနေ့အပေါ် အမြတ်ထုတ်ကာ ပွဲကျင်းပရေးလုပ်ဆောင်နေမှုကို ပြင်းထန်စွာကန့်ကွက်ပါသည်” ဟု အင်းလေးအမျိုးသမီးသမဂ္ဂက ထုတ်ပြန် ပြောဆိုထားသည်။
အင်းသားအမျိုးသားနေ့အကြောင်းပြပြီး ငွေကြေးကောက်ခံနေသည့်အတွက် ရရှိသည့်ငွေကြေးများကို ပျော်ပွဲ၊ ရွှင်ပွဲများဖြင့် မကုန်ဆုံးစေဘဲ အမိအင်းလေးကန် ရေရှည်တည်တံ့ရေးလုပ်ငန်းများတွင် အသုံးပြုပေးရန် တောင်းဆိုထားသည်။
ထိုအပြင် ကောက်ခံရရှိငွေများကို အိုးအိမ်မဲ့ ဖြစ်သွားရသည့်ပြည်သူပြည်သားများအား ကူညီပံ့ပိုးသည့်လုပ်ငန်းများတွင် အကျိုးရှိစွာ အသုံးပြုသင့်ကြောင်းလည်း အင်းလေးအမျိုးသမီးသမဂ္ဂက အကြံပြုထားသည်။

You missed