ခမ်းသားငေါဝ်း
နိုဝင်ဘာ ၂၊၂၀၂၃
မှော်ဘုရင်စစ်ကြောင်းမှ ဟံမြင့်မိုရ်နှင့် ရွာငံသွားလမ်းမကြီးရှိ ခရီးသွားပြည်သူများအား သတိဖြင့်သွားလာပေးကြရန် မှော်ဘုရင်စစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရွာငံဒေသအခြေစိုက် မှော်ဘုရင်စစ်ကြောင်း (P3-1003)က နိုဝင်ဘာလ ၂ ရက်နေ့မှစပြီး အဆိုပါလမ်းမကြီးအား ဖြတ်သန်းမောင်းနှင်မည့်ခရီးသွား‌ ဒေသခံကားများကို ထပ်မံသတိပေးခြင်းဖြစ်‌ကြောင်း ဆိုထားပါသည်။
” မဖြစ်မနေဖြတ်သန်းသွားလာရတဲ့ကားတွေ စစ်ကောင်စီယာဥ်တန်းများနဲ့ ကိုက် ၁၀၀ ဝန်းကျင် အကွာမောင်းနင်သွားကြဖို့ ” ဟု မှော်ဘုရင်စစ်ကြောင်းမူးက တိုက်တွန်းပြောဆိုပါသည်။
စစ်ကောင်စီထောက်ပို့ယဥ်တန်းများသည် ယခုလက်ရှိတွင် အဆိုပါလမ်းမကြီးကို အသုံးပြု​ထောက်ပို့သွားလာနေသည့်အတွက် ယခုကဲ့သို့ ပြည်သူများကို အသိပေးလိုကြောင်း ၎င်းက ဆက်ပြော သည်။
ရှမ်းပြည်မြောက်ပိုင်း ညီနောင်မဟာမိတ်များစစ်ဆင်ရေးနယ်မြေထဲကို ရှမ်းတောင်ရှိစစ်ကောင်စီတပ်ရင်းများက ဓနုဒေသလမ်းမကြီးအား အဓိကအသုံးပြုပြီး ထောက်ပို့သွားလာနေသောကြောင့်
မှော်ဘုရင်စစ်ကြောင်းအနေဖြင့် ဖြတ်တောက်တိုက်ခိုက်ရေးအစီအစဥ်ဖော်ဆောင်သွားမည် ဖြစ်ကြောင်း ဆိုထားပါသည်။
နိုင်ဝင်ဘာလ ၁ ရက်နေ့မှစ၍ ဓနုဒေသတွင်းလက်နက်ကိုင်တော်လှန်ရေးလှုပ်ရှားနေသည့် ဓနုပြည်သူ့လွတ်မြောက်တပ်ဦး (DPLF)မှ ရပ်စောက်-နောင်ချိုလမ်းပိုင်းကိုလည်းကောင်း၊ မှော်ဘုရင်စစ်ကြောင်း(P3-1003)မှ ရွာငံ-ဟံမြိင့်မိုရ်လမ်းပိုင်းကိုလည်းကောင်း ခရီးသွားပြည်သူများအား သတိပေးစာ ထုတ်ပြန်ထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *