ခမ်းသားငေါဝ်း
နိုဝင်ဘာ ၂၊၂၀၂၃
ပင်လာင်းမြိုနယ် နမ့်တုပ်ကျေးရွာနေ စစ်ကောင်စီသတင်းပေး ဦးခင်မောင်ဝင်း ပစ်ခတ်ခံခဲ့ရကြောင်း ဒေသခံတစ်ဦး ပြောပြချက်အရ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လာင်းမြိုနယ် နမ့်တုပ်ကျေးရွာနေ စစ်ကောင်စီကို သတင်းပေးသူ ဦးခင် မောင်ဝင်းသည် နေအိမ်တွင် ပစ်ခတ်ခံခဲ့ရပြီး သေဆုံးသွားကြောင်း သိရသည်။
ယနေ့ နိုဝင်ဘာ ၂ ရက်နေ့ မနက် ၉ နာရီအချိန်တွင် ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်နှစ်စီး လူလေးယောက်ဖြင့် လာရောက် ပစ်ခတ်သွားခဲ့ကြောင်း သိရသည်။
“သူကို သူများက အကြိမ်ကြိမ်သတိပေးပြီးပြီ။ သူ့အိမ်ကို ပုလင်းနဲ့ပစ်တာတို့ ခဏခဏလုပ်တယ်။ ဒါမယ့်သူက ဆက်လုပ်နေတယ်။ သူကအသက်လည်းကြီးပြီဆိုတော့လေ သူကြောင့် ထွက်ပြေးရတဲ့ လူငယ်လည်းအရမ်းများတယ်”ဟု လုံခြုံရေးအရ အမည်မဖော်လို့သည့် နန်းတုပ်ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။
ပစ်ခတ်ခံရမှု ဖြစ်ပွားပြီးနောက် ရွာထဲတွင် PNO တပ်သားများ ရောက်လာခဲ့ကြောင်းသိရသည်။
ဦးခင်မောင်ဝင်းသည် အသက် ၆၇ နှစ်အရွယ်ရှိပြီး ဒလန် ဟု ဖယ်ခုံ ၊ ပင်လောင်းတစ်ဝိုက်တွင် နာမည်ကြီးသူဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
ဦး‌‌ခင်‌မောင်ဝင်းသည် စစ်ကောင်စီတပ် တပ်မ ၅၅ လက်အောက်ခံ ခမရ ၁၈ မှ တပ်ထွက်တစ်ဦး ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *