ခမ်းသားငေါဝ်း
နိုဝင်ဘာ ၂၊၂၀၂၃
စစ်တပ်အာဏာသိမ်းရန် ကြိုးစားသည့်နှစ်နှစ်ကျော်ကာလအတွင်း စစ်ကောင်စီကြောင့် မြန်မာနိုင်ငံအနှံ့ရှိ ကလေးငယ် ၄၇၆ ဦး ဥပဒေမဲ့သတ်ဖြတ်ခံခဲ့ရ ကြောင်း AAPP ထုတ်ပြန်ချက်အရ သိရသည်။
သေဆုံးသည့် ကလေးငယ်များသည် စစ်ကိုင်းတိုင်းမှ အများဆုံးဖြစ်ပြီး မန္တလေးတိုင်းက ဒုတိယ သေဆုံးမှုအများဆုံးဖြစ်ကာ မကွေးတိုင်းက တတိယအများဆုံးဖြစ်ကြောင်း ဖော်ပြထားသည်။
မတရားဖမ်းဆီးထိန်းသိမ်းခံရသော ကလေးငယ် ၆၉၁ ဦးရှိခဲ့ပြီး ၃၈၉ ဦးသည် ပြန်လည်လွှတ် မြှောက်လာပြီး ကျန်ရှိ ၃၀၅ ဦးသည် ထိန်းသိမ်းခံရဆဲ ဖြစ်ကြောင်း သိရသည်။
ယခုဖော်ပြပါအချက်အလက်များသည် စစ်တပ်အာဏာသိမ်းရန် ကြိုးစားခဲ့သည့် ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၁ ရက်မှစပြီး ယခု ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့အထိ ဖြစ်ကြောင်း AAPP ကထုတ်ပြန်ထားသည်။
ကလေးသူငယ်များအား မတရားဖမ်းဆီးထောင်ချခြင်း၊ သတ်ဖြတ်ခြင်း၊ ပြန်ပေးဆွဲကာ မိဘများအား လာရောက်အဖမ်းခံခြင်းများသည် စစ်ကောင်စီ၏ လူမဆန်သောလုပ်ရပ်များဖြစ်ပြီး ဖြစ်စဉ်တိုင်းတွင် ပါဝင်ပတ်သက်သူများအားလုံးကို စုံစမ်းဖော်ထုတ်ကာ တရားစီရင်မှု ကြိုးစားသွားမည်ဟု NUG ကပြောဆိုထားပါသည်။